ဆီးရီးယားမြို့တစ်မြို့ အိုင်အက်စ်တို့လက်အောက် ကျရောက်

ဆီးရီးယားမြို့တစ်မြို့ အိုင်အက်စ်တို့လက်အောက် ကျရောက်

ဆီးရီးယားနိုင်ငံ ဟွမ်းပြည်နယ်ရှိ မာဟန်မြို့သည် အစ္စလာမ်မစ်အစွန်းရောက် အိုင်အက်စ်တို့လက်အောက် ကျရောက်သွားပြီဖြစ်ကြောင်း အစိုးရတပ်ဖွဲ့များက ပြောသည်။

အောက်တိုဘာ ၃၁ ရက် နှောင်းပိုင်းက အိုင်အက်စ်တို့က အသေခံကားဗုံး နှစ်ကြိမ်ဖောက်ခွဲကာ တိုက်ခိုက်ခဲ့ကြောင်း ဗြိတိန်အခြေစိုက် ဆီးရီးယားလူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့က ပြောသည်။

နှစ်ဖက်တိုက်ပွဲများသည် ခရစ်ယာန်အများစုရှိသည့် ဆာဒက်မြို့အနီးတစ်ဝိုက်တွင်လည်း ဖြစ်ပွားလျက်ရှိနေသည်။

ရုရှနှင့် အမေရိကန်ဦးဆောင်သည့် ညွန့်ပေါင်းတပ်များ၏ လေကြောင်းထိုးစစ်များကြားမှ ယခုကဲ့သို့ မြို့ကို သိမ်းပိုက်လိုက်နိုင်ခြင်းဖြစ်သည်။

အိုင်အက်စ်တို့က မြောက်ပိုင်းနယ်မြေအများစုနှင့် အရှေ့ပိုင်းဒေသများကို အမာခံသိမ်းပိုက်ထားရာမှ ဟွမ်းပြည်နယ်အထိ သိမ်းပိုက်ရန် နယ်ချဲ့လာလျက်ရှိနေသည်။

Ref ; BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly