အီဂျစ်နိုင်ငံ ဆိုင်းနိုင်းကျွန်းဆွယ်တွင် လိုက်ပါသူ ၂၂၄ ဦးစလုံးသေဆုံးခဲ့သည့် ပျက်ကျသည့် ရုရှလေကြောင်းလိုင်းမှ လေယာဉ်သည် လေထဲမှပင် ပျက်ကျခြင်းဖြစ်ကြောင်း ရုရှတာဝန်ရှိသူတစ်ဦးက ပြောသည်။
မည်သည့်အတွက်ကြောင့် ယင်းသို့ ပျက်ကျရခြင်းဖြစ်ကြောင်း ကောက်ချက်ချပြောရန် စောလွန်းသေးကြောင်း ရုရှလေကြောင်းဆိုင်ရာ ကော်မတီအကြီးအကဲ ဗစ်တာဆိုရိုချန်ကိုက ပြောသည်။
လေယာဉ်အပျက်အစများကို ဆိုင်းနိုင်းကျွန်းဆွယ် ၂၀ စတုရန်းမီတာအကျယ်အဝန်းအတွင်း တွေ့ရှိကြောင်း သတင်းထောက်များအား ၎င်းကပြောသည်။ ရုပ်အလောင်းပေါင်း ၁၆၃ လောင်းကို ရှာဖွေတွေ့ရှိပြီးဖြစ်သည်။
လေယာဉ်ပျက်ကျမှုကြောင့် ရုရှနိုင်ငံက နိုဝင်ဘာ ၁ ရက်နေ့ကို ဝမ်းနည်းဖွယ်နေ့အဖြစ် သတ်မှတ်ခဲ့သည်။
Ref ; BBC