စစ်သံမှူးများလိုက်ပါလာသော တပ်မတော်ရဟတ်ယာဉ်စက်ချို့ယွင်း အရေးပေါ်ပြန်လည်ဆင်းသက်ရ

စစ်သံမှူးများလိုက်ပါလာသော တပ်မတော်ရဟတ်ယာဉ်စက်ချို့ယွင်း အရေးပေါ်ပြန်လည်ဆင်းသက်ရ

မတ်လ ၆။           ။  ယနေ့မွန်းလွဲ ၄ နာရီခန့်က တပ်မတော်မှ ဖမ်းမိထားသော ကောင်းခါးဒေသ မူးယစ်ဆေးဝါးထုတ်လုပ်ရာဌာနကို သွားရောက်ကြည့်ရှု့ခဲ့သော နိုင်ငံခြားစစ်သံမှူး အဖွဲ့တစ်ဖွဲ့ လိုက်ပါလာသော ရဟတ် ယာဉ်မှာ စက်ချို့ယွင်းမှုကြောင့် အရေးပေါ်ဆင်းသက်မှုပြန်လည်လုပ်ခဲ့ရကာ ရဟတ်ယာဉ်မှာလိုက်ပါသွားသူ သုံးဦး ဒဏ်ရာရသွားခဲ့သည်ဟု ခရီးစဉ်တွင် လိုက်ပါသွားသော မဇ္ဈိမသတင်းထောက်က ပြောသည်။

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်ခရိုင်၊ ကွတ်ခိုင်မြို့နယ် ကောင်းခါးကျေးရွာ အနီး ဖေဖော်ဝါရီ ၂၈ ရက်မှ မတ်လ ၄ရက်အတွင်း တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်စဉ် ကျပ် ၉၃ဘီလီယံ ကျော်တန်ဖိုးရှိ မူးယစ်ဆေး ဝါးနှင့်ဆက်စပ်ပစ္စည်းများကို ပိုင်ရှင်မဲ့သိမ်းဆည်းရမိခဲ့သည်။ အဆိုပါ မူးယစ်ဆေးဝါးအမြောက်အမြား သိမ်းဆည်းရရှိမှုကို နိုင်ငံခြားသံတမန်များနှင့် သတင်းထောက်များကို ရဟတ်ယာဉ်လေးစီးဖြင့် ခေါ်ယူပြသပြီး ကွတ်ခိုင်မြို့မှလားရှိုးမြို့သို့အပြန်ခရီးအစတွင် ရဟတ်ယာဉ်တစ်စီးမှာ စက်ချို့ယွင်း၍ မြေပြင်သို့ အရေးပေါ် ဆင်းသက်ခဲ့ရခြင်းဖြစ်သည်။


 ရဟတ်ယာဉ်လေးစီးအနက် ဒုတိယမြောက်ပျံတက်သွားခဲ့သော ရဟတ်ယာဉ်မှာ ပျံတက်အပြီး အမြင့်ပေ ၃၀၀ ခန့်အရောက်တွင် မြေပြင်သို့ ပြန်လည်ဆင်းသက်မှုလုပ်ခဲ့ရသည်ကို အခြားရဟတ်ယာဉ်တစ်စီးပေါ်ပါသော သတင်းထောက်များက တွေ့မြင်ခဲ့ရသည်ဟု ဆိုသည်။

ယနေ့ခရီးစဉ်သို့ ထိုင်း၊ လာအို၊ ဗီယက်နမ်၊ တရုတ်အပါအဝင် နိုင်ငံ ခြောက်နိုင်ငံက စစ်သံမှူးများ၊ ဒုတိယစစ်သံမှူးများနှင့် သံအရာရှိ ၂၅ ဦး လိုက်ပါသွားခဲ့သည်။

နောက်ဆုံးသိရှိရသည်မှာ ရဟတ်ယာဉ်လေးစီးစလုံး လားရှိုးမြို့သိုးပြန်လည်ထွက်ခွာသွားပြီဖြစ်ကြောင်းသိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly