မြန်မာနိုင်ငံအတွင်း ဝင်ရောက်လာနိုင်သည့် ကော်ရိုနာဗိုင်းရပ်စ် သံသယရှိလူနာများအား ကျန်းမာရေးဆိုင်ရာ အခမဲ့ ကုသပေးမည် ဟု ထုတ်ပြန်

မြန်မာနိုင်ငံအတွင်း ဝင်ရောက်လာနိုင်သည့် ကော်ရိုနာဗိုင်းရပ်စ် သံသယရှိလူနာများအား ကျန်းမာရေးဆိုင်ရာ အခမဲ့ ကုသပေးမည် ဟု ထုတ်ပြန်

မတ်လ ၂။                 ။ တရုတ်ပြည်သူ့သမ္မတနိုင်ငံ နှင့် COVID-19 ရောဂါကူးစက်ဖြစ်ပွားလျက်ရှိသော နိုင်ငံ (သို့မဟုတ်) ဒေသများမှ မြန်မာနိုင်ငံသို့ရောက်ရှိလာသည့် ခရီးသွားများတွင် ဖျားခြင်း၊ ချောင်းဆိုးခြင်း၊ အသက် ရှူကြပ်ခြင်း စသည့် ရောဂါလက္ခဏာများ တွေ့ရှိသူများ ကို လေဆိပ်ကျန်းမာရေး ဌာန နှင့် နီးစပ်ရာ ကျန်းမာရေးဌာနများတွင် အခမဲ့ကျန်းမာရေး ဖြင့် ကုသပေးသွားမည်ဖြစ်ကြောင်း  ကျန်းမာရေး နှင့် အားကစားဝန် ကြီး ဌာန၊ လေဆိပ်ကျန်းမာရေးဌာနခွဲ မှ ထုတ်ပြန်လိုက်သည်။

ကော်ရိုနာဗိုင်းရပ်စ် သံသယရှိ ခရီးသည်များတွင် လက်ရှိ ဖြစ်ပွားနေခြင်း (သို့မဟုတ်) လွန်ခဲ့သည့် ၁၄ ရက်အတွင်း ရောဂါဖြစ်ပွားခဲ့ခြင်း (သို့မဟုတ်) မြန်မာနိုင်ငံသို့ ရောက်ရှိပြီး ၁၄ ရက် အတွင်း ရောဂါလက္ခဏာများ ဖြစ်ပွား ပါက အားကစား နှင့် ကျန်းမာရေး ဝန်ကြီးဌာန မှ ထုတ်ပြန်ထားသည့် ဆက်သွယ်ရန် နံပါတ်များထံ ဆက်သွယ်ရန် တိုက်တွန်းနှိုးဆော်ထားသည်။

ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာန အနေဖြင့် မြန်မာနိုင်ငံအတွင်း ရောဂါကူးစက်ပျံ့နှံ့မှု မဖြစ်ပွားစေရန် လူစုလူဝေးများပြားရာနေရာများ နှင့် ပွဲလမ်းသတင်းများရှိရာနေရာများသို့ ရှောင်ရှားရန် ထုတ်ပြန်ထားပြီး ကြို တင်ကာကွယ်ခြင်း နှင့် တုံ့ပြန်ဆောင်ရွက်ခြင်းများ ကို ထိရောက်စွာဆောင်ရွက်နိုင်ရန် ကော်ရိုနာဗိုင်းရပ်စ် ရောဂါ  (COVID-19) အား ကူးစက်မြန်ရောဂါ သို့မဟုတ် တိုင်ကြားရမည့် ကူးစက်ရောဂါ အဖြစ် သတ်မှတ် လိုက် ကြောင်း ဖေဖော်ဝါရီလ ၂၈ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်ကြေညာခဲ့သည်။

လက်ရှိတွင် ကော်ရိုနာဗိုင်းရပ်စ် (COVID-19) သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံအပါအဝင် နိုင်ငံပေါင်း ၆၇ နိုင်ငံတွင် ဖြစ်ပွားလျက်ရှိပြီး ကူးစက်ခံရသူ ၈၉၀၀၀ ကျော် ရှိကာ သေဆုံးသူ ဦးရေ ၃၀၀၀ ကျော် ရှိနေပြီး ပျောက် ကင်းသူ ၄၅၀၀၀ ကျော် ရှိနေသည် ဟု ယနေ့ စာရင်းများ အရ သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required