မူဆယ်မှ တစ်ဆင့်ဝူဟန်သို့ ဆန်တန်ချိန် ၂၀၀ မနက်ဖြန် ပို့မည်

မူဆယ်မှ တစ်ဆင့်ဝူဟန်သို့ ဆန်တန်ချိန် ၂၀၀ မနက်ဖြန် ပို့မည်

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၉။           ။ မြန်မာအစိုးရကနေ တရုတ်နိုင်ငံကိုလှူဒါန်းမယ့် ဧည့်မထ ဆန်တန်ချိန် ၂၀၀ ကို မူဆယ်၊ ကြယ်ခေါင်လမ်းမှတစ်ဆင့် ဝူဟန်သို့ မတ်လ ၁ ရက်နေ့တွင် ပို့ဆောင်သွားမည်ဟု စီးပွား၊ ကူးသန်းဝန်ကြီးဌာနမှ သိရသည်။

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာက စားသုံးသူရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမြင့်လွင် က“ မနက်ဖြန်ကို ကား ၆ စီးနဲ့ပို့မယ်။ ရွှေပြည်သာ သိုလှောင်ရုံကနေပြီး နယ်စပ်ကိုပို့မယ်ဗျ၊ ဟိုဘက်က ကြယ် ခေါင်အထိလေ။ ကြယ်ခေါင်မှာ ဂိုထောင်ထဲထည့်မယ်။ ဟိုဘက်က အဖွဲ့အစည်းတစ်ခုကနေပြီး တာဝန်ယူပြီးသယ်သွားမယ်ပေါ့။ ကျွန်တော်တို့ကတော့ ဝူဟန်အထိတာ ဝန်ယူတာလေ။ သယ်ယူပို့ဆောင်ရေးစရိတ်တွေအရ ကျွန်တော်တို့ကပေးဖို့ပါပဲ” ဟု ပြောသည်။

လှူဒါန်းမည့်ဆန်မှာ ဧည့်မထ ၂၅ မတ် စက်ကြိတ်အဆင့် ဆန်ဖြစ်ကာ တစ်တန်ကို ဒေါ်လာ ၃၀၀ ခန့်ပေါက်ဈေးရှိကြောင်းလည်း ၎င်းက ဆိုသည်။

ထို့ကြောင့် ဆန်တန်ချိန် ၂၀၀ ဆိုပါက စုစုပေါင်း အ ေမရိကန်ဒေါ်လာ  ၆ သောင်းခန့်ပေါက်ဈေးရှိမည်ဖြစ်ကာ ဝူဟန်ရောက်သည့်အထိ သယ်ယူ ကုန်ကျစရိတ်ကိုလည်း မြန်မာဘက်မှ ထပ်မံကျခံမည်ဖြစ်သည်။

ကိုရိုနာဗိုင်းရပ်စ်(COVID-19 ) ရောဂါကြောင့် စတင်ဖြစ်ပွားရာ ဝူဟန်မြို့ကို အဝင်အထွက်တွေကို ပိတ်ထားပြီးနောက် ဆန်နှင့် ဆေးဝါးပစ္စည်းများလိုအပ်နေကြောင်း တရုတ်အစိုးရက နိုင်ငံတကာကို ပြောကြားထားခြင်းဖြစ် သည်။

ထို့ကြောင့် ဖေဖော်ဝါရီ ၁၄ ရက် နေပြည်တော်တွင် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်နှင့် တရုတ်သံအမတ်တို့တွေ့ဆုံစဉ် မြန်မာမှဆန်လှူဒါန်းမည်ဖြစ်ကြောင်း ပြောဆို ခဲ့ခြင်းဖြစ်သည်။

ဖေဖော်ဝါရီလထဲတွင် မြန်မာ့တပ်မတော်မှလည်း တရုတ်နိုင်ငံအတွက် ကန်ဒေါ်လာ ၃ သိန်းတန်ဖိုးရှိ ဆေးပစ္စည်းများကို ပို့ဆောင်ပေးခဲ့သေးသည်။

အဆိုပါလထဲမှာပင် တရုတ်နိုင်ငံတွင် ဖြစ်ပွားနေသော ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပြည်သူတွေ အသက်ဆုံးရှုံးမှုတွေ ဖြစ်ပွားနေရတဲ့အပေါ် မြန်မာအစိုးရနေဖြင့် စာနာထောက်ထားကြောင်း သဝဏ်လွှာပေးပို့ခဲ့သေးသည်။

 ဝူဟန်မြို့မှ စတင်ဖြစ်ပွားသည့် ကိုရိုနာဗိုင်းရပ်စ်ကြောင့့် နိုင်ငံပေါင်း ၄၇  နိုင်ငံတွင် သေဆုံးသူ သုံးထောင်နီးပါး၊  ကူးစက်ခံရသူ ရှစ်သောင်းခွဲကျော်နှင့် ရောဂါပျောက်ကင်းသက်သာသူ သုံးသောင်း ကိုးထောင်ကျော်  ရှိနေ ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ ဖေဖော်ဝါရီလ ၂၉ ရက်နေ့ စာရင်းအရ  သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly