ပြီးခဲ့နှစ်က အခွန်မဆောင်မီ အမြတ်ငွေ ပေါင် (၄၂)သန်း ရရှိခဲ့တယ်လို့ လီဗာပူးလ် ကြေညာ

ပြီးခဲ့နှစ်က အခွန်မဆောင်မီ အမြတ်ငွေ ပေါင် (၄၂)သန်း ရရှိခဲ့တယ်လို့ လီဗာပူးလ် ကြေညာ
Photo: EPA

လီဗာပူးလ်အသင်းဟာ ပြီးခဲ့တဲ့နှစ်က ကစားသမားတွေအတွက် စံချိန်တင် ပေါင် (၂၂၃)သန်း ရင်းနှီးမြှုပ်နှံမှုပြုလုပ်ခဲ့ပေမယ့်လည်း အခွန်မဆောင်မီ အမြတ်ငွေ ပေါင် (၄၂)သန်း ရရှိခဲ့ပါတယ်။

လီဗာပူးလ်အသင်းဟာ ၂၀၁၈ ခုနှစ်က စံချိန်တင် အမြတ်ငွေ ပေါင် (၁၂၅)သန်း ထွက်ခဲ့တာကြောင့် ၂၀၁၉ ခုနှစ် အမြတ်ငွေက လျော့ကျခဲ့တဲ့အခြေအနေဖြစ်ပေမယ့် ကစားသမားတွေအတွက် ရင်းနှီးမြှုပ်နှံမှုတွေ ပြုလုပ်နိုင်ခဲ့လို့ ရလဒ်ကောင်းလို့ ဆိုရမှာပါ။

၂၀၁၈ ခုနှစ် ဇွန်လကနေ ၂၀၁၉ မေလ ၃၁ ရက်အနေ့အထိ ဘဏ္ဍာရေးနှစ်အတွက် ကြာသပတေးနေ့က ထုတ်ပြန်တဲ့ ကိန်းကဏာန်းတွေအရ အယ်လီဆန် (ပေါင် ၆၅ သန်း)၊ ကီတာ (ပေါင် ၅၂.၇၅ သန်း)၊ ဖာဘင်ညို (ပေါင် ၄၃.၇)သန်းနဲ့ ရှာကီရီ (ပေါင် ၁၃ သန်း) တို့ကို ဝယ်ယူမှုအတွက် အသုံးပြုခဲ့တယ်လို့ ဖော်ပြထားပါတယ်။

ဒါ့အပြင် အဓိကကစားသမား (၁၁) ဦးကိုလည်း သက်တမ်းတိုး စာချုပ်ချုပ်ဆိုခဲ့တာကြောင့် ကစားသမားတွေအတွက် ရင်းနှီးမြှုပ်နှံခဲ့ရတဲ့ ငွေကြေးက ပေါင် (၂၂၃)သန်း ရှိခဲ့ပါတယ်။

ဒါပေမယ့် ချန်ပီယံလိဂ်အောင်မြင်မှုကြောင့် တွန်းပို့လိုက်တဲ့ ဝင်ငွေအပါအဝင် ကစားသမားရောင်းချမှုနဲ့ နယ်ပယ်စုံက ရတဲ့ ဝင်ငွေတွေကြောင့် ပေါင် (၄၂)သန်း အမြတ်ထွက်ခဲ့တာလို့ သိရပါတယ်။

Ref; Daily Mail

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags