ထီးလိုမင်းလို ဘုရားအား တပ်ချုပ် ရွှေထီးတော်တင်

ထီးလိုမင်းလို ဘုရားအား တပ်ချုပ် ရွှေထီးတော်တင်
ဓာတ်ပုံ - တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဝက်ဆိုဒ်

ဖေဖော်ဝါရီလ ၂၇ ။                 ။ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဖေဖော်ဝါရီလ ၂၇ ရက်နေ့ နံနက်ပိုင်းကယူနက်စကိုအသိမှတ်ပြု ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေ ရှိ ထီးလိုမင်းလို ဘု ရားစေတီတော်ကို ရွှေထီးတော်တင်ခြင်းနှင့် အထက်ဌာပနာတော်သွင်းလှူခဲ့ကြောင်း သိရသည်။

ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် က ထီးလိုမင်းလို ဘုရားကြီးကို အထက်ဌာပနာတော်သွင်းလှူခြင်း ၊ စိန်ဖူးတော် ၊ ဌက်မြတ်နားတော် ၊ ရွှေထီးတော်တင် လှူပူဇော်ခြင်း နှင့် ဗုဒ္ဓါဘိသေက အနေက ဇာ တင် မဟာမင်္ဂလာအခမ်းအနား ကို ကိုယ်တိုင်တက်ရောက်ခဲ့ကြောင်းကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ ဝက်ဆိုဒ်တွင် ဖော်ပြထားသည်။

ယင်းထီးတော်တင်လှူဒါန်းပွဲကို ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ် လည်းတက်ရောက်ခဲ့သည်။
ယခင်အစိုးရအဖွဲ့မှာ တာဝန်ယူခဲ့ကြသော ဒုသမ္မတဟောင်းဦးဉာဏ်ထွန်း ၊ နိုင်ငံခြားရေးဝန်ကြီးဟောင်းဦးဝဏ္ဏမောင်လွင် ၊ ကာကွယ်ရေးဝန်ကြီးဟောင်း ဒုတိယဗိုလ်ချုပ်ကြီး ဝေလွင်နှင့် လက်ရှိကြံ့ခိုင်ဖွံ့ဖြိုးရေးဥက္ကဋ္ဌ ဦးသန်း ဌေးတက်ရောက်ခဲ့ကြတာကိုလည်းတွေ့ရသည်။

၂၀၁၆ ခုနှစ် သြဂုတ် ၂၄ ရက်တွင် အင်အားပြင်းငလျင်လှုပ်ခတ်ခဲ့မှုကြောင့် ပျက်စီးမှုများဖြစ်ပေါ်ခဲ့သည့် မန္တလေးတိုင်းဒေသကြီး ၊ ညောင်ဦးမြို့နယ်၊ ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေရှိ ထီးလိုမင်းလိုဘုရားကြီးကို ယခုနှစ် ဖေဖော်ဝါရီလ ၂၇ ရက်နေ့ နံနက်ပိုင်းတွင် လာရောက်ထီးတော်တင်ခြင်း ဖြစ်သည်။

ထီးလိုမင်းလို ဘုရား ကို အေဒီ (၁၂၁၁-၁၂၃၁ ) တွင် စတင်တည်ထားကိုးကွယ်ခဲ့သည်ဟု သိရှိရသည်။

 

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required