‘သူ့မှာ တိုက်စစ်ကစားသမားတွေ ရှိတယ် … ဘယ်အသင်းကမှ ကျနော်တို့လောက် ဒဏ်ရာရကစားသမားတွေ ရှိမနေပါဘူး။’ - လမ်းပတ်

‘သူ့မှာ တိုက်စစ်ကစားသမားတွေ ရှိတယ် … ဘယ်အသင်းကမှ ကျနော်တို့လောက် ဒဏ်ရာရကစားသမားတွေ ရှိမနေပါဘူး။’ - လမ်းပတ်

တော့တင်ဟမ်အသင်းဟာ ဥရောပဘောလုံးလောကမှာ အဆိုးရွားဆုံး ဒဏ်ရာ အကျပ်အတည်းတွေနဲ့ ရင်ဆိုင်နေရတဲ့ အသင်းတွေထဲက တစ်သင်းဖြစ်တယ်လို့ မော်ရင်ဟိုရဲ့ ပြောဆိုမှုကို ဖရန့် လမ်းပတ်က ချယ်လ်ဆီးအသင်းဟာလည်း ဒဏ်ရာရကစားသမားတွေ အများဆုံးအသင်းတစ်သင်းဖြစ်တယ်လို့ တုံ့ပြန်လိုက်ပါတယ်။

စနေနေ့မှာ စတမ်းဖို့ဘရစ်ချ်ကွင်းကို ပြန်လည်ရောက်ရှိလာမယ့် မော်ရင်ဟိုက စပါးရဲ့ အခြေအနေဟာ ဒီထက် ပိုဆိုးလာစရာ မရှိတော့ပဲ သူ့ရဲ့ အသင်းဟောင်းဟာ ပိုပြီး ရေပန်းစားတယ်လို့ မကြာသေးခင်က ညည်းညူခဲ့ပါတယ်။

ဟယ်ရီကိန်းနဲ့ ဆွန်ဟောင်မင်းတို့ မပါတဲ့ တော့တင်ဟမ်ဟာ ကျည်မပါတဲ့ သေနတ်နဲ့ တိုက်ပွဲဝင်ခဲ့ရသလိုဖြစ်တယ်ဆိုတဲ့ မော်ရင်ဟိုရဲ့ သီအိုရီကို လမ်းပတ်က စပါးအသင်းနဲ့ ပွဲကြိုသတင်းစာရှင်းပွဲမှာ ပယ်ချခဲ့ပါတယ်။

"သူ့မှာ တိုက်စစ်ကစားသမားတွေ ရှိနေပါတယ်။ ကျနော့်အတွက်တော့ ဒယ်လီ အလီဟာ တော့တင်ဟမ်မှာ သူ့ရဲ့ အကောင်းဆုံးရာသီဟာ ဟာရီကန်းနဲ့အတူ ကစားခဲ့တာပါ။"လို့ ချယ်လ်ဆီးနည်းပြ လမ်းပတ်က ပြောပါတယ်။

"လူကပ်စ် မိုရာကလည်း ပြီးခဲ့တဲ့နှစ် ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်မှာ ဟက်ထရစ် သွင်းယူခဲ့ပြီး သူဟာ မယုံကြည်နိုင်လောက်အောင် အရည်အသွေးရှိတဲ့သူပါ။ တိုက်စစ်ကစားသမားတွေ ရှိပါတယ်။"

"ပရီးမီးယားလိဂ်က အသင်းတော်တော်များများက ကျနော့်တို့လို ဒဏ်ရာရကစားသမားတွေ ရှိနေမယ်လို့ ကျနော် မထင်ပါဘူး။ ကန်တီက ပရီးမီးယားလိဂ်မှာ ပြီးခဲ့တဲ့ ၄ နှစ်လောက်ကတည်းက ပုံမှန်ပွဲထွက် ကစားခဲ့ချိန်မှာ ပွဲတွေရဲ့ ၅၀ ရာခိုင်နှုန်းလောက် ပါဝင်ကစားနေပါတယ်။ ကျနော် ပြောခဲ့သလိုပဲ ရူဘင်ကတော့ ဘောလုံးတောင် မကန်ရသေးပါဘူး။"

"ဟယ်ရီကန်းနဲ့ ဆွန်တို့ မပါဝင်နိုင်ဘူး။ သူ့တို့ဟာ ဒဏ်ရာကြောင့် မကစားနိုင်ဘူးဆိုပေမယ့် သူတို့မှာ ပြန်လည်ဖြည့်တင်းနိုင်မယ့် ကစားသမားတွေ ရှိနေပါတယ်။"

"ကန်တီက ကြံ့ခိုင်မှု မရှိသေးဘူး။ သူဟာ ကြွက်သားဒဏ်ရာကြောင့် သုံးပတ်လောက် အနားယူနေရတယ်။"လို့ လမ်းပတ်က ပြောပါတယ်။

"ပူလီဆစ်ကလည်း ကြ့ံခိုင်မှု မပြည့်ဝသေးဘူး။ တင်မီ (အေဗရာဟင်)ဟာ အသင်းမှာ ပါဝင်နိုင်ဖို့ လေ့ကျင့်နေပါတယ်။ ခရစ္စတင်းဆင်က နှာခေါင်းရိုးကျိုးနေတဲ့အတွက် မျက်နှာဖုံး တပ်နေရပေမယ့် ပြန်ပါလာနိုင်မှာ မဟုတ်ဘူး။"

"ဒီရာသီက အကူးအပြောင်းနှစ်တစ်နှစ်ပါ။ ဒါကို ပရိသတ်တွေက တန်ဖိုးထားပါတယ်။ ကျနော်တို့ ဘာတွေကြိုးစားလုပ်ဆောင်နေတယ်ဆိုတာ သူတို့ မြင်ရလို့ ဒါကို ပရိသတ်တွေ လေးစားပါတယ်။ သူတို့တွေကလည်း ကျနော်တို့ကို အားပေးနေကြပါလိမ့်မယ်။ ဒါက ကျပ်တည်းတဲ့ အခိုက်အတန့်ပါ။ သူတို့တွေက ကျနော်တို့ နောက်မှာ ရပ်တည်ပေးဖို့ လိုအပ်ပါတယ်။ ကစားသမားတွေက အရာတိုင်း ပေးဆပ်သွားပါလိမ့်မယ်။"

Ref; Daily Mail

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly