ဖေဖော်ဝါရီလ ၁၉ ရက်ည Las Vegas မြို့မှာ ကျင်းပခဲ့တဲ့ စကားအခြေ အတင်လုပွဲ မှာတော့ New York မြို့တော်ဝန်ဟောင်း ကုဋေကြွယ်သူဌေးကြီး Michael Bloomberg ထူးထူးခြားခြား ပါဝင်လာပါတယ်။ ရေဒီယို၊ ရုပ်မြင်သံကြားမှာသာမက လူမှုကွန်ယက် တွေပေါ်မှာ သူ့ရဲ့ နိုင်ငံရေးကြော်ငြာတွေ ထည့်ဖို့ ဒေါ်လာသန်းချီကုန်ကျခံထားတာပါ။ Steve Redisch ပေးပို့တဲ့ သတင်းလွှာကို မမြသဇင်အောင်က ပြောပြပါမယ်။