မန်ချက်စတာစီးတီးကို ဥရောပကလပ်ပြိုင်ပွဲတွေကနေ (၂)ရာသီ ပိတ်ပင်လိုက်တဲ့ ယူအီးအက်ဖ်အေ

မန်ချက်စတာစီးတီးကို ဥရောပကလပ်ပြိုင်ပွဲတွေကနေ (၂)ရာသီ ပိတ်ပင်လိုက်တဲ့ ယူအီးအက်ဖ်အေ
Photos: EPA

မန်ချက်စတာစီးတီးအသင်းဟာ ယူအီးအက်ဖ်အေရဲ့ ကလပ်လိုင်စင်နဲ့ ဘဏ္ဍာရေးသာတူညီမျှစည်းမျဉ်းတွေကို "ပြင်းပြင်းထန်ထန် ချိုးဖောက်မှုတွေ" ကျူးလွန်ခဲ့တယ်လို့ တွေ့ရှိခဲ့ပြီးနောက် လာမယ့် (၂)ရာသီအတွင်း ဥရောပပြိုင်ပွဲဝင်ခွင့် ပိတ်ပင်ခံခဲ့ရပါတယ်။

လက်ရှိပရီးမီးယားလိဂ်ချန်ပီယံအသင်းကို ယူရိုသန်း (၃၀) (ပေါင် ၂၅ သန်း)ပါ ဒဏ်ရိုက်ခဲ့ပါတယ်။

ဒီဆုံးဖြတ်ချက်အပေါ် ကျေနပ်မှု မရှိပါက နိုင်ငံတကာ အားကစားခုံရုံး (Court of Arbitration for Sport)ကတဆင့် အယူခံဝင်နိုင်ပါတယ်။

မန်ချက်စတာစီးတီးက သူတို့အနေနဲ့ "ယူအီးအက်ဖ်အေက တာဝန်ရှိသူတွေရဲ့ ဆုံးဖြတ်ချက်ကို စိတ်ပျက်မိပေမယ့်လည်း မအံ့သြဘဲ အယူခံဝင်သွားမယ်။"လို့ ပြောပါတယ်။

ယူအီးအက်ဖ်အေရဲ့ အမှီအခိုကင်းသော ဘဏ္ဍာငွေထိန်းချုပ်ရေးဘုတ်အဖွဲ့ (CFCB)က စီးတီးဟာ "၂၀၁၂ ခုနှစ် ကနေ ၂၀၁၆ ခုနှစ်အတွင်း စပွန်ဆာဝင်ငွေများကို အကြောင်းပြပြီး ဘဏ္ဍာရေးသာတူညီမျှစည်းမျဉ်း (FFP)ကို လက်တစ်လုံးခြားပြုလုပ်ခဲ့သလို တာဝန်ရှိသူတွေ စစ်ဆေးရာမှာလည်း ပူးပေါင်းပါဝင်မှု မရှိခဲ့ဘူး"လို့ ပြောပါတယ်။

စီးတီးဟာ ပရီမီးယားလိဂ်မှာ အမှတ်လျော့ခံရမယ့်အရေး ကြုံတွေ့နိုင်တယ်လို့လည်း သတင်းတွေက ဖော်ပြပါတယ်။

ဒါပေမယ့် ဒီပြစ်ဒဏ်ဟာ စီးတီးရဲ့ အမျိုးသမီးအသင်းအတွက် အကျိုးသက်ရောက်မှု မရှိဘူးလို့ သိရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly