တရုတ်၌ ကိုရိုနာဗိုင်းရပ်စ် စစ်တမ်းကောက်မှု နည်းလမ်း ပြောင်းအပြီး သေဆုံးသူဦးရေ မြင့်တက်နေကြောင်း တွေ့ရှိ

တရုတ်၌ ကိုရိုနာဗိုင်းရပ်စ် စစ်တမ်းကောက်မှု နည်းလမ်း ပြောင်းအပြီး သေဆုံးသူဦးရေ မြင့်တက်နေကြောင်း တွေ့ရှိ

ဖေဖော်ဝါရီ ၁၃ ။                         ။  တရုတ်အာဏာပိုင်များက ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှုနှင့် ပတ်သက်ပြီး စစ်တမ်းကောက်ယူမှု နည်းလမ်းပြောင်းလဲလိုက်ပြီးနောက် သေဆုံးသူနှင့် ကူးစက်ဖြစ်ပွားသူ ဦးရေ သိသိသာသာ မြင့်တက်နေကြောင်း တွေ့ရှိပြီးနောက် ကြားသိနေရသည့် သတင်းများထက်ပင် ယင်းဗိုင်းရပ်စ်က အခြေအနေ ပိုဆိုးနေပြီလားဆိုကာ စိုးရိမ်ပူပန်မှုများ တိုးမြင့်လာစေသည်။

ဗိုင်းရပ်စ်ဖြစ်ပွားရာ ဗဟိုချက် ဟူဘေးပြည်နယ်တွင် ယင်းရောဂါအရေး ကြီးကြပ်ကွပ်ကဲနေသော ထိပ်တန်းနိုင်ငံရေးအရာရှိနှစ်ဦးကိုလည်း ရာထူးက ထုတ်ပယ်လိုက်ခြင်းကြောင့် တရုတ်နိုင်ငံ၏ ကိုရိုနာဗိုင်းရပ်စ်အရေးအား ကိုင်တွယ်မှုအပေါ် မေးခွန်းထုတ်စရာဖြစ်နေသည်။

Read: ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှု နောက်ဆုံးရသတင်းများကို ဒီနေရာမှာ ဖတ်နိုင်ပါတယ်။

ကိုရိုနာဗိုင်းရပ်စ် နှိမ်နင်းရေးတွင် ရလဒ်ကောင်းများ ရထားပြီးဟု တရုတ်သမ္မတ ရှီကျင်ဖျင်က ပြောဆိုလိုက်ပြီး နာရီပိုင်းအတွင်းမှာပင် ယခုကဲ့သို့ သေဆုံးသူနှင့် ကူးစက်ဖြစ်ပွားသူ တိုးများနေမှုကို စစ်တမ်းကောက်ယူမှု နည်းလမ်းအပြောင်းအလဲအားဖြင့် တွေ့ရှိလာခဲ့ရခြင်းလည်း ဖြစ်သည်။

လက်ရှိတွင် တရုတ်နိုင်ငံအတွင်း တရားဝင်ထုတ်ပြန်လိုက်သည့် သေဆုံးသူ ဦးရေသည် ၁၃၅၀ ကျော်ထက်မနည်း ရှိပြီဖြစ်သည်ဆို၍ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက သီတင်းပတ်များအတွင်း သေဆုံးသူ ထပ်တိုးလာနိုင်သည်ဟု မြန်မြန်ဆန်ဆန်ပဲ ထုတ်ပြန်လာခဲ့သည်။

လူဦးရေ သန်းပေါင်းများစွာ ရောဂါခြေချုပ်မိနေသည့် ဟူဘေးပြည်နယ်အတွင်း နောက်ထပ်သေဆုံးသူ ၂၄၂ ဦး ရှိကြောင်း ဖေဖော်ဝါရီ ၁၃ ရက် သတင်းများအရ သိရသည်။

ရောဂါဖြစ်ပွားချိန်မှစတင်ပြီး အဆိုးဆုံး ကူးစက်မှုအဖြစ် နောက်ထပ်ကူးစက်သူ ၁၄၈၄၀ ဦး ရှိကြောင်း ကူးစက်ခံရကြောင်း အတည်ပြုနိုင်ရာ ယင်းဗိုင်းရပ်စ်ကြောင့် တရုတ်နိုင်ငံအတွင်း သေဆုံးသူ စုစုပေါင်းသည် ၁၃၅၅ ဦး ရှိပြီး ကူးစက်ဖြစ်ပွားသူပေါင်း ၆၀၀၀၀ နီးပါးခန့် ရှိနေပြီဖြစ်ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly