မန္တလေးတွင် တန်းဖိုးနည်းအိမ်ယာ တည်ဆောက်ရန် ကျူးများကို ရှင်းလင်း

မန္တလေးတွင် တန်းဖိုးနည်းအိမ်ယာ တည်ဆောက်ရန် ကျူးများကို ရှင်းလင်း
ဓာတ်ပုံ - အောင်ကိုဦး / မဇ္ဈိမ

မန္တလေး၊ ဇန်နဝါရီ ၁၂၊၂၀၂၀။        ။ မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ် အောင်သာယာရပ်ကွက် ၄၄ လမ်း နှင့် ၄၅ လမ်းကြား၊ ယုဇနလမ်း နှင့် စံပယ်လမ်းကြားရှိ ကျူးကျော်နေအိမ် ၅၉ လုံးကို ဇန်နဝါရီလ ၁၁ ရက် နံနက်က ရှင်းလင်းဖယ်ရှားမှုများပြုလုပ်ခဲ့သည်။

"ဥပဒေနဲ့ အညီ လုပ်တာပါ။ သူတို့ကို ဖယ်ပေးဖို့ စာပို့တာ သုံးကြိမ်ရှိသွားပါပြီ။ ဒါကိုမဖယ်တဲ့အတွက် ကော်မတီကိုတင်ပြပြီး ရှင်းလင်းရေး အဖွဲ့ ဖွဲ့ပြီးဆောင်ရွက်တာပါ" ဟု မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီ အခွန်ဌာန မှ ဌာနမှူး ဦးသက်နိုင် က ပြောသည်။

အဆိုပါနေရာသည် စည်ပင်သာယာရေးကော်မတီပိုင်မြေနေရာဖြစ်ပြီး တန်ဖိုးနည်း အိမ်ရာ တည်ဆောက်ရန်အတွက် ယခုလိုရှင်းလင်းခြင်း ဖြစ်သည်။

ထိုသို့ ရှင်းလင်းဖယ်ရှားပေးရန်အတွက် စည်ပင်သာယာရေးကော်မတီ အနေဖြင့် ၂၀၁၉ ခုနှစ် ဒီဇင်ဘာလ ကတည်းက နောက်ဆုံးအကြိမ် အသိပေး အကြောင်းကြားစာပေးပို့ခဲ့ပြီးနောက် ယခုကဲ့သို့ ဖျက်သိမ်းခဲ့ခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly