ကျောက်စိမ်းစေတီတွင် လိုက်နာစေရန် စည်းကမ်းချက်များ ထုတ်ပြန်

ကျောက်စိမ်းစေတီတွင် လိုက်နာစေရန် စည်းကမ်းချက်များ ထုတ်ပြန်

မန္တလေး၊ ဇန်နဝါရီ ၄ ။            ။ မန္တလေးခရိုင် အမရပူရမြို့နယ်၊ ဆင်ရွာမြင်းမှူး ဒေသတွင် ရှိသော ဝေရောစန ကျောက်စိမ်းစေတီတော်တွင် ပြည် တွင်း၊ပြည်ပခရီးသွားများ စည်းကမ်းလိုက်နာစေရန်အတွက် လက်ကမ်းစာစောင်များ နှင့် ပိုစတာများ ကပ်ခြင်းတို့ကို ၂၀၂ဝခုနှစ် ဇန်နဝါရီလမှ စတင်ကာ လုပ်ဆောင်လျက်ရှိကြောင်း ဘုရားဂေါပကအဖွဲ့ထံက သိရသည်။

ပြည်ပခရီးသွားအချို့သည် ကျောက်စိမ်းချပ်များခွာယူခဲ့သည့် ဖြစ်စဉ်များနှင့် စည်းကမ်း မဲ့ အမှိုက်စွန့်ပစ်ခြင်းများ ၂၀၁၉ခုနှစ် နိုဝင်ဘာလက ပြုလုပ်ခဲ့သည့်အတွက် ယခုကဲ့သို့ စည်းကမ်းချက်များ ထုတ်ပြန်ခြင်းဖြစ်သည်။

`` ပြည်ပခရီးသွားက တစ်ရက်ကို ငါးထောင်လောက်လာတယ်၊ လာရောက်တဲ့သူတွေကို စေတီတော်အကြောင်း နဲ့ စည်းကမ်းချက်တွေကို လက်ကမ်းစာစောင်အနေနဲ့ဝေငှသွားမှာဖြစ်ပါတယ်၊ မြန်မာ၊ အင်္ဂလိပ်၊ တရုတ်ဘာသာ တွေနဲ့ ဝေငှသွားမှာပါ``ဟု ဂေါပကအဖွဲ့ဝင် အတွင်းရေးမှူး ဦးမောင်မောင်ဦးကပြောသည်။

စည်းကမ်းချက်များတွင် စကားပြန်များသည် မိမိဦးဆောင်သောအဖွဲ့နှင့် အတူတပါတည်းလိုက်ပါသွားရန်နှင့် တစုံတစ်ရာဖြစ်ပေါ်ပါက တာဝန်ယူဖြေရှင်းရန် နိုင်ငံခြားဘုရားဖူးဧည်သည်တော်များနှင့် ပက်သက်၍ဖြစ်ပေါ် လာသည့် ကိစ္စရပ်များအား ခေါ်ဆောင်လာသည့် ကုမ္ပဏီမှ တာဝန်ယူရန်၊ နိုင်ငံခြားသားဘုရားဖူးများ စီးနင်း လိုက်ပါလာသည့် မော်တော်ယာဉ်အား သတ်မှတ်ထားသည့်နေရာတွင် ရပ်နားစေရန်အတွက် စကားပြန်နှင့်ခရီး သွားကုမ္ပဏီကတာဝန်ယူရန်၊ ဖိနပ်၊ခြေအိတ်များကို လုံးဝမစီးရန်နှင့် သတ်မှတ်သည့်နေရာ၌ထားရန်၊ စေတီ တော် သာသနိကအဆောက်အဦးနှင့် ကျောက်စိမ်းကျောက်မျက်ရတနာပစ္စည်းများအား မထိရ၊မကိုင်ရ၊ယူ ဆောင်ခြင်းမပြုရန်နှင့် မူးယစ်သောက်စားခြင်း လုံးဝမပြုန် အပါအဝင် စည်းကမ်းချက်ပေါင်း ၁၃ချက်ပါဝင်ကြောင်း သိရသည်။

စည်းကမ်းချက်ထုတ်ပြန်ခြင်းအပြင် ကမ္ဘာလှည့်ခရီးသွားများလာရောက်လေ့လာမှုနှင့်ပြည်တွင်း ခရီသွားဘုရားဖူး များအတွက် `လုခြုံရေးပိုင်းဆိုင်ရာတိုးမြင့်လုပ်ဆောင်သွားမည်ဖြစ်ပြီး လုံခြုံရေးဝန်ထမ်း ၂၇ ဦး၊ Drone CCTV ငါးလုံး၊ CCTV အလုံးငါးဆယ်တို့ဖြင့် စောင့်ကြပ်ကြည့်ရှုနေသည့်အပြင် ရပ်ဝေးမှလာရောက်သော ဘုရားဖူးခရီး သွားများအတွက် တည်းခိုဆောင်များကိုလည်း ဖွင့်လှစ်ပေးထားကြောင်း သိရသည်။

ကမ္ဘာပထမဦးဆုံး ဝေရာစနကျောက်စိမ်းစေတီတော်မြတ်ကြီးမှာ စစ်ကိုင်း-မြစ်ငယ် လမ်းပေါ်တွင်တည်ရှိပြီး ပြည်တွင်း ပြည်ပ ခရီးသွားဝင်ရောက်မှုနှုန်းမှာလည်း တစ်နှစ်ထက်တစ် နှစ် တိုးတက်လာကြောင်း သိရသည်။

 

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly