လဝကလက်ထောက်ညွှန်ကြားရေးမှူးတစ်ဦးနှင့် အရာရှိနှစ်ဦးအဖမ်းခံရ

လဝကလက်ထောက်ညွှန်ကြားရေးမှူးတစ်ဦးနှင့် အရာရှိနှစ်ဦးအဖမ်းခံရ

ရန်ကုန်၊ ဒီဇင်ဘာ ၂၅ ။        ။ ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ်အတွင်းတွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနလက်ထောက်ညွှန်ကြားရေးမှူးတစ်ဦးနှင့် အရာရှိနှစ်ဦးတို့ ဖမ်းဆီးခံရကြောင်းသိရသည်။

ဒီဇင်ဘာလ ၂၄ရက် မွန်းလွဲပိုင်းကဘူးသီးတောင်မှ ၎င်းတို့တာဝန်ကျသည့် တောင်ဘဇာကိုခရီးသည်စက်လှေဖြင့် သွားရောက်ရာလမ်းခုလပ်တွင် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။

“မနေ့က လဝကလက်ထောက်ညွှန်ကြားရေးမှူး ကနေမောင်တောဘက်ကနေဘူးသီးတောင်ကိုလာတယ်။ သူကတောင်ဘဇာမှာတာဝန်ကျတယ်။ တောင်ဘဇာကနေ သူလက်ထောက်နှစ်ဦးကနေ ဘူးသီးတောင်ကို လာကြိုတာ။ လာကြိုပြီးတော့ ဘူးသီးတောင်ကနေ မွန်းလွဲ ၂နာရီလောက်မှာ စက်လှေနဲ့ထွက်သွားကြတယ်။ စက်လှေနဲ့ ထွက်သွာကြပြီးရင် ဘူးသီးတောင်နဲ့ နှစ်မိုင်လောက်ဝေးတဲ့နေရာမှာ ကျောက်ရစ်ကျေးရွာရှိတယ်။ အဲဒီရွာနားကနေခေါ်သွားတယ်လို့ ဒေသခံတွေကပြောကြတယ်။ ဘယ်ကခေါ်သွားတယ်လို့ သူတို့ကလည်း မပြောနိုင်ကြဘူး” ဟု အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးမောင်ကျော်ဇံက ပြောသည်။

လတ်တလောတွင် ရခိုင်တပ်(AA) က ဖမ်းဆီးခေါ်ဆောင်သွားသည့်ဟုသတင်းများရေးသားဖော်ပြနေကြပြီး ပြောရေးဆိုခွင့်ရှိသူ  ခိုင်သုခကိုဆက်သွယ်မေးမြန်းသော်လည်း ဖုန်းပြန်လည်ဖြေကြားခြင်းမရှိခဲ့ပေ။

ရခိုင်တပ်(AA) အနေဖြင့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဝှေ့တင်းနှင့်  မောင်တောမြို့နယ် NLD ဥက္ကဋ္ဌ တို့ကိုဖမ်းဆီးထားသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly