ရန်ကုန်တက္ကသိုလ် ကျောင်းသားများသမဂ္ဂ နှစ် ၉၀ ပြည့် အထိမ်းအမှတ် ကျင်းပပြုလုပ်

ရန်ကုန်တက္ကသိုလ် ကျောင်းသားများသမဂ္ဂ နှစ် ၉၀ ပြည့် အထိမ်းအမှတ် ကျင်းပပြုလုပ်

ရန်ကုန်၊ ဒီဇင်ဘာ ၂၃ ။        ။ ရန်ကုန်တက္ကသိုလ် ကျောင်းသားများသမဂ္ဂ နှစ် (၉၀) ပြည့် အထိမ်းအမှတ် ဓာတ်ပုံပြပွဲနဲ့သမဂ္ဂရုံးခန်းဖွင့်ပွဲ အခမ်းအနားကို  ဒီဇင်ဘာလ ၂၁ ရက်နေ့မှ ၂၃ ရက်နေ့အထိ ရန်ကုန်တက္ကသိုလ်၊ အဓိပတိလမ်းရှိ ခြံအမှတ် (၃၄)၊ ရန်ကုန်တက္ကသိုလ်ကျောင်းသားများသမဂ္ဂရုံးတွင် ကျင်းပပြုလုပ်ခဲ့သည်။

ရန်ကုန်တက္ကသိုလ်ကျောင်းသားများသမဂ္ဂ ၏  နှစ် ၉၀ ပြည့် ဓာတ်ပုံပြပွဲတွင် သမဂ္ဂရဲ့ သမိုင်းအစဉ် အဆက် အရေးပါခဲ့တဲ့ အိုးဝေမဂ္ဂဇင်းထဲမှ ကျောင်းသားထု လှုပ်ရှားမှုသမိုင်း၊ ကျောင်းသား သမဂ္ဂ မျိုးဆက် အသီးသီးရဲ့  ဓာတ်ပုံမှတ်တမ်း၊ ခေတ်အဆက်ဆက်က ရန်ကုန်တက္ကသိုလ် ကျောင်းသား ကျောင်းသူတွေရဲ့ ပညာရေး၊ နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေး စတဲ့ လှုပ်ရှားမှု ဓာတ်ပုံမှတ်တမ်း ၁၀၀ ခန့်ကို မျိုးဆက်သစ် ကျောင်းသားတွေနဲ့ ပြည်သူလူထု သိရှိစေရန် ပြသခဲ့သည်။

ရန်ကုန်တက္ကသိုလ်ကျောင်းသားများသမဂ္ဂ ရုံးခန်းဖွင့်ပွဲတွင် ကျောင်းသားမျိုးဆက် အသီးသီးနဲ့ ကျောင်းသားသမဂ္ဂ အသီးသီးမှ ပေးပို့လာသော သဝဏ်လွှာတွေကို ဖတ်ကြားခဲ့ကြပြီး လက်ရှိ ရန်ကုန်တက္ကသိုလ် ကျောင်းသားများသမဂ္ဂရဲ့ လက်ရှိ လှုပ်ရှား မှုတွေ၊ ဆက်လက် လုပ်ဆောင်သွားမယ့် လုပ်ငန်းစဉ်တွေနဲ့ သမဂ္ဂ နှစ် ၉၀ ပြည့် အထိမ်းအမှတ် ကဗျာများ ရွတ်ဖတ်ခဲ့ကြသည်။

ရန်ကုန်တက္ကသိုလ်ကျောင်းသားများသမဂ္ဂ ၏  အဓိက မူဝါဒတွေ ဖြစ်တဲ့ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး၊ ဒီမိုကရေစီ ပညာရေး၊ ငြိမ်းချမ်းရေးနဲ့ ကျောင်းသား အခွင့်အရေး စတဲ့ မူဝါဒတွေနဲ့ ရပ်တည် ဆောင်ရွက် သွားမည် ဖြစ်သည်။

ရန်ကုန်တက္ကသိုလ်ကို ၁၉၂၀ ခုနှစ်တွင် စတင်ဖွင့်လှစ်ခဲ့ပြီး ရန်ကုန်တက္ကသိုလ် ကျောင်းသားများသမဂ္ဂကို ၁၉၂၉ ခုနှစ်၌ စတင် ဖွဲ့စည်းတည်ထောင်ခဲ့သည်။
 

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly