မြိတ်၊ ဒီဇင်ဘာ ၂၂။ ။ အဂတိ လိုက်စားမှု တိုက်ဖျက်ရေးနေ့ လှုပ်ရှားမှုများတွင် ဌာနဆိုင်ရာများ ပူးပေါင်း ပါဝင်မှု အားနည်း နေကြောင်း အရပ်ဖက် အဖွဲ့စည်းများက ပြောကြားသည်။
အပြည်ပြည် ဆိုင်ရာ အဂတိ လိုက်စားမှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အခမ်းအနားကို ဒီဇင်ဘာလ ၂၂ ရက်နေ့ က မြိတ်မြို့၊ ဆိပ်ငယ်ရပ်ကွက်ရှိ ပုလဲရတနာ ခန်းမတွင် ကျင်းပ ပြုလုပ်စဉ် အထက်ပါအတိုင်းပြောကြား ခဲ့ခြင်း ဖြစ်သည်။
“ကျွန်တော်တို့ အခု ဒီပွဲကို ပြုလုပ်တာ ဌာနဆိုင်ရာတွေကို အကုန် ဖိတ်ကြား ထားပါတယ်၊ ဒါပေမယ့် တစ်ယောက်မှ မလာသလို့ ဘယ်ဌာနမှ တာဝန်ရှိသူတွေ လာတာကို မတွေ့ရပါဘူး၊ အဲ့ဒါက သူတို့ရဲ့ ပူးပေါင်း ဆောင်ရွက် မှုက ဘယ်လောက် အထိ ရှိတယ် ဆိုတာ မြင်တဲ့ အတိုင်းပါဘဲ ဖြစ်တယ်” ဟု အရပ်ဖက်ပူးပေါင်း ပါဝင်မှု ရှေ့ဆောင် ကွန်ယက်မှ အဖွဲ့ဝင် ေ တစ်ဦး ဖြစ်သူ ဦးတင့်လွင်က ပြောသည်။
အဂတိ လိုက်စားမှု တိုက်ဖျက်ရေး လှုပ်ရှားမှုများတွင် ဌာနဆိုင်ရာများ ပူးပေါင်း ပါဝင်မှု မရှိသဖြင့် အားရကျေနပ်မှု မရှိကြောင်း အခမ်းအနားကို ဦးဆောင် ပြုလုပ်သူ အရပ်ဖက် အဖွဲ့စည်းများက ထောက်ပြ ပြောကြားသည်။
“အရပ်ဖက် အဖွဲ့စည်းတွေနဲ့ လူထု အကြား အဂတိ လိုက်စားမှု လျှော့ပါး ပြီးတော့ တိုက်ဖျက်ရေးတွေမှာ ဌာနတွေ ပူးပေါင်း ပါဝင်ပြီး ထိရောက်တဲ့ အဂတိ လိုက်စားမှု တိုက်ဖက်ရေးတွေကို လုပ်ဆောင် နိုင်အောင်လို့ ရည်ရွယ် ကျင်းပတာ ဖြစ်တယ်”ဟု ဖွံ့ဖြိုးရေး မဏ္ဍိုင်အဖွဲ့မှ စီမံကိန်း ဒါရိုက်တာ ဦးညီညီအောင်က ပြောသည်။
၂၀၁၉ ခုနှစ် ဒီဇင်ဘာလ ၉ ရက်နေ့တွင် ကျရောက်သော ၁၆ ကြိမ်မြောက် အပြည်ပြည် ဆိုင်ရာ အဂတိ လိုက်စားမှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အခမ်းအနားကို မြိတ်မြို့တွင် ပထမဆုံး ကျင်းပခဲ့ခြင်း ဖြစ်သည်။
“နိုင်ငံတော် အစိုးရ အနေနဲ့လည်း အဂတိကင်းရှင်းရေး ကဏ္ဍမှာ လာလ်ပေး လာလ်ယူ အတတ်နိုင်ဆုံး လျှော့ချနိုင်ဖို့ ကျွန်တော်တို့ အစိုးရအဖွဲ့ကလည်း ကြိုးစားနေပါတယ်။ တကယ်လို့ ဌာနဆိုင်ရာတွေမှာ လာလ်ပေး လာလ် ယူတာတွေ ရှိနေရင် ပြည်သူတွေ အနေနဲ့ အကယ်၍ သိသာ ထင်ရှားစွာ ဌာနဆိုင်ရာတွေက လုပ်နေရင် ခိုင်လုံတဲ့ သက်သေတွေနဲ့ တင်ပြပါ ထိထိ ရောက်ရောက် အရေးယူပေး ပါမယ်” ဟု အခမ်းအနားသို့ တက်ရောက် လာ သည့် တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအား အရင်း အမြစ် ဝန်ကြီး ဦးကျော်မင်းက ပြောသည်။