၂၀၁၅ နျူကလီးယား သဘောတူညီချက်အပေါ် ယုံကြည်ချက် ဆက်ထားရန် အီရန်ကို ဂျပန် တိုက်တွန်း

၂၀၁၅ နျူကလီးယား သဘောတူညီချက်အပေါ် ယုံကြည်ချက် ဆက်ထားရန် အီရန်ကို ဂျပန် တိုက်တွန်း

ဒီဇင်ဘာ ၂၀။              ။ အီရန်၏ နျူကလီးယားစီမံကိန်းများနှင့် ပတ်သက်ပြီး ၂၀၁၅ ခုနှစ်က ချုပ်ဆိုခဲ့သော သဘောတူညီချက်အပေါ် ယုံကြည်ချက် ဆက်ထားရန် အီရန်သမ္မတ ဟတ်ဆန်ရိုဟာနီကို ဂျပန်ဝန်ကြီးချုပ် ရှင်ဇို အာဘေးက ဒီဇင်ဘာ ၂၀ ရက်၌ တိုက်တွန်းပြောဆိုသည်။

ဂျပန်နိုင်ငံဆီ နှစ်ရက်တာ ခရီးစဉ်အဖြစ် တိုကျိုသို့ စတင်ရောက်ရှိသည့် အီရန်သမ္မတနှင့် ဂျပန်ဝန်ကြီးချုပ်တို့ တွေ့ဆုံခဲ့ရာ၌ ပြီးခဲ့သည့် နှစ်က အမေရိကန် နုတ်ထွက်သွားခဲ့သည့် ၂၀၁၅ အီရန်နျူကလီးယား သဘောတူ ညီ ချက်နှင့် ပတ်သက်ပြီး ဝန်ကြီးချုပ် ရှင်ဇိုအာဘေးက တိုက်တွန်းပြောကြားခြင်း ဖြစ်သည်။

အီရန်သမ္မတ ရိုဟာနီ၏ ဂျပန်ခရီးစဉ်သည် ဆယ်စုနှစ် နှစ်ခုခန့်အတွင်း အီရန်နိုင်ငံ၏ ခေါင်းဆောင်တစ်ဦး ဂျပန်နိုင်ငံသို့ ပထမဆုံး ရောက်ရှိလာခြင်းပဲ ဖြစ်သည်။

ကွာလာလမ်ပူတွင် ကျင်းပသော အစ္စလာမ္မစ်နိုင်ငံများ ထိပ်သီးအစည်းအဝေး တက်ရောက်ပြီးနောက် ရိုဟာနီသည် မလေးရှားမှ တိုကျိုသို့ ရောက်ရှိလာခြင်းဖြစ်သည်။

ဂျပန်ဝန်ကြီးချုပ်နှင့် တွေ့ဆုံရာတွင် သမ္မတ ရိုဟာနီက အီရန်နှင့် ကမ္ဘာ့အင်အားကြီးနိုင်ငံအချို့ကြား ချုပ်ဆိုထားသည့် ယင်းသဘောတူညီချက် ခိုင်မြဲရေးကို အီရန်က သံန္ဒဌာန်ချထားကြောင်း ‌ပြောဆိုပြီး ယင်းသဘောတူ ညီချက်မှ နုတ်ထွက်သွားခြင်းကြောင့် အမေရိကန်ကို ပြစ်တင်ပြောဆိုခဲ့သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly