ခရစ္စမတ်ကာလ ခရီးသွားဧည့်သည် ခုနစ်သန်းကို ကြိုဆိုဧည့်ခံနိုင်ရေး နယူးယောက်မြို့ ပြင်ဆင်စိုင်းပြင်း

ခရစ္စမတ်ကာလ ခရီးသွားဧည့်သည် ခုနစ်သန်းကို ကြိုဆိုဧည့်ခံနိုင်ရေး နယူးယောက်မြို့ ပြင်ဆင်စိုင်းပြင်း

ဒီဇင်ဘာ ၁၈ ။         ။ ခရစ္စမတ်ကာလအတွင်း လာရောက်ကြမည့်ဖြစ်သည့် ခရီးသွားဧည့်သည် ခုနစ်သန်းကျော်မကကို ကြိုဆိုဧည့်ခံနိုင်ရေးအတွက် နယူးစီးတီးတွင် ပြင်ဆင်စိုင်းပြင်းနေမှုများသည် အားရစရာ ခရစ္စမတ်အကြို မြင်ကွင်းတစ်ရပ်အဖြစ် ရှိနေသည်။

ကမ္ဘာပေါ်တွင် ခရီးသွားများစွာအား ဆွဲဆောင်နိုင်သော မြို့များတွင် အပါအဝင်ဖြစ်သည့် နယူးယောက်စီးတီးရှိ ဟိုတယ်များ၏ ၉၀ ရာခိုင်နှုန်းမှာ ခရီးသွားဧည့်သည်များဖြင့် ပြည့်နှက်နေတော့မည့် ခရစ္စမတ်ကာလ အကြိုပြင်ဆင်မှုများပဲ ဖြစ်သည်။

ယခုနှစ်စမှ စတင်ပြီး ဟိုတယ်သစ်ပေါင်း ၂၀ ကျော်ထက်မနည်း ဖွင့်လှစ်လိုက်ခြင်းကလည်း မြို့တော်တွင် ဟိုတယ်ခန်းပေါင်း ၂၁၃၀၀ ကို ထပ်မံဖြည့်ပေါင်းပေးလိုက်ခြင်းပဲ ဖြစ်ကြောင်း နယူးယောက်သို့ လာရောက်သော ခရီးသွားဧည့်သည်များကို ဝန်ဆောင်မှုပေးသည့် အစိုးရ-ပုဂ္ဂလိက ဖက်စပ်ကုမ္ပဏီဖြစ်သော NYC & Company ၏ အချက်အလက်များအရ သိရသည်။

“ကျွန်မတို့အနေနဲ့ ၂၀၁၉ တစ်နှစ်တာကို ခရီးသွားလုပ်ငန်း အထူးနှစ်အဖြစ် နှုတ်ဆက်နိုင်လိမ့်မယ်လို့ မျှော်လင့်ထားပါတယ်။ စုစုပေါင်း ခရီးသွားဧည့်သည် ၆၇ သန်းအထိ လာရောက်ဖြစ်မယ့် နှစ်ပါပဲ။”ဟု ယင်းကုမ္ပဏီမှ ပြောခွင့်ရ အမျိုးသမီး အက်ဒရီယာနာက ပြောသည်။

နယူးယောက်မြို့တော်အနေဖြင့် ယခုတစ်နှစ်တာအတွက် ခရစ္စမတ်ကာလအတွင်း ခရီးသွားလုပ်ငန်း၏ ၁၀ ဒသမ ၅ ရာခိုင်နှုန်းကို ဝန်ဆောင်မှု ပေးရလိမ့် အလားအလာကောင်းတွင် ရှိနေသည်ဟု ၎င်းက ပြောခဲ့သည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly