သက်ကြီးရွယ်အို ဦးရေ မြင့်မားခြင်းကြောင့် ဂျပန်တွင် အိမ်ဟောင်း၊ အိမ်ဆွေးများ များပြားလာလျက် ရှိ

သက်ကြီးရွယ်အို ဦးရေ မြင့်မားခြင်းကြောင့် ဂျပန်တွင် အိမ်ဟောင်း၊ အိမ်ဆွေးများ များပြားလာလျက် ရှိ

ဒီဇင်ဘာ ၁၇ ။         ။ ဂျပန်နိုင်ငံတွင် ခြုံနွယ်ပိတ်ပေါင်းများ ဖုံးလွှမ်းပြီး ပြိုကျပျက်စီးနေသည့် အိမ်ဟောင်း၊ အိမ်ဆွေးများသည် ပုံမှန်မြင်ကွင်းအဖြစ် ရှိလာခဲ့သည်။

ပြီးခဲ့သည့် နှစ်များအတွင်း ဂျပန်နိုင်ငံ၌ အိမ်ဟောင်း၊ အိမ်ဆွေးများ အရေအတွက်သည် စံချိန်တင်လောက်အောင် မြင့်မားလာနေသည်။

နိုင်ငံ၏ ဖွားသေနှုန်းထား ကျဆင်းခြင်းမှသည် ဖြစ်ပေါ်လာသော လူမှုအရွှေ့အပြောင်းတစ်ရပ်ပဲ ဖြစ်သည်။

မည်သူမည်ဝါ ပိုင်ဆိုင်မှန်း မသိရသည့် အိမ်အများစုဖြစ်သော လူမနေထိုင်သော အိမ်များ၏ အရေအတွက်သည် ပြီးခဲ့သည့် နှစ်က ကောက်ယူချက်အရ ၈ ဒသမ ၄၆ သန်းအထိ ရှိခဲ့သည်။

ယင်းသည် ဂျပန်ကျွန်းစုရှိ စုစုပေါင်း အိမ်ခြေအဆောက်အအုံများ၏ ၁၃ ဒသမ ၆ ရာခိုင်နှုန်းပင် ဖြစ်ပြီး ဆယ်စုနှစ် သုံးစုအတွင်း နှစ်ဆ တိုးများလာခြင်းဖြစ်ကြောင်း တရားဝင် အချက်အလက်များအရ သိရသည်။

ထိုသို့ အခွံချည်း ကျန်သော အိမ်များသည် ကျေးလက်ဒေသတွင် ပိုများသော်လည်း မြေနေရာ တစ်စတုရန်းမီတာလျှင် ယန်းငွေ ၅၇ သန်း (အမေရိကန်ဒေါ်လာ ၅၂၀၀၀၀) အထိ ဈေးကြီးမြင့်သော လူနေထူထပ်သည့် ခရိုင်များတွင်ပါ တွေ့နိုင်သည်။

ထိုသို့ ဖြစ်ရသည်မှာ မိသားစုများသည် သီးသန့်ခွဲနေပြီး မိဘ၊ အဘိုးအဘွားများသာ ရှိရင်းအိမ်တွင် နေမြဲနေထိုင်ကြရာမှ ဖြစ်သည်။ ထိုသို့ အသက်အရွယ်ရ လူကြီးများမှာ နောက်ဆုံး သက်ကြီးဂေဟာများတွင် သွားရောက်နေထိုင်ခြင်း၊ ကွယ်လွန်ခြင်း၊ ပျောက်ဆုံးခြင်း စသော အကြောင်းအမျိုးမျိုးကြောင့် ပိုင်ရှင်မည်သူမည်ဝါမှန်း မသိရတာများသည့် အိမ်ဟောင်း၊ အိမ်ဆွေးများ နိုင်ငံအတွင်း တိုးပွားများပြားလာခြင်းပင် ဖြစ်သည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly