အတိုက်အခံနှင့် အမေရိကန်တို့က အစွန်ရောက်တိုက်ခိုက်ရန် ကြံစည်နေဟု ဗင်နီဇွဲလား သမ္မတ စွပ်စွဲ

အတိုက်အခံနှင့် အမေရိကန်တို့က အစွန်ရောက်တိုက်ခိုက်ရန် ကြံစည်နေဟု ဗင်နီဇွဲလား သမ္မတ စွပ်စွဲ

ဒီဇင်ဘာ ၁၆ ။        ။ ဗင်နီဇွဲလား သမ္မတ မာဒူရိုက ၎င်း၏ တပ်ဖွဲ့ဝင်များကို သိုသပ်လျှိုဝှက်စွာ အစွန်းရောက်တိုက်ခိုက်ရန် ကြံစည်မှုများ ရှိနေပြီး ယင်းတွင် ပါဝင်သူများကို ဖမ်းဆီးရန် အမိန့်ထုတ်ထားကြောင်း ဒီဇင်ဘာ ၁၆ ရက်တွင် ပြောသည်။

ထိုသို့ တိုက်ခိုက်ရန် လျှိုဝှက်အစီအမံများကို အတိုက်အခံခေါင်းများနှင့် အမေရိကန်တို့က ဦးစီးဦးဆောင် ပြုနေကြောင်း ၎င်းက စွပ်စွဲသည်။

အတိုက်အခံ ခေါင်းဆောင် ဂွါဒိုဣှင့် လီယိုပေါဒိုလိုပက်ဇ်တို့နှင့်အတူ အမေရိကန်တို့က စီစဉ်ဆောင်ရွက်လျက် ရှိသည့် လျှိုဝှက်စစ်ဆင်ရေးများ ရှိနေကြောင်း သမ္မတ မာဒူရိုက ဒီဇင်ဘာ ၁၄ ရက်တွင် ထုတ်ဖော်ပြောဆိုခဲ့သည်။
အဆိုပါ စစ်ဆင်ရေးသည် နိုင်ငံတစ်လွှားက စစ်စခန်းများကို တိုက်ခိုက်ရန် ရည်ရွယ်ပြီး ၎င်း၏ ထောက်လှမ်းရေးတပ်ဖွဲ့က တားဆီးဖော်ထုတ်နိုင်ခဲ့ခြင်း ဖြစ်သည်ဟု အမျိုးသားလွှတ်တော်၌ ဒီဇင်ဘာ ၁၅ ရက်တွင် မာဒူရိုက ပြောသည်။

“အဲဒီ ရက်စက်ပြီး သွေးထွက်သံယိုများမယ့် လျှို့ဝှက်စစ်ဆင်ရေးမှာ ပါဝင်သူတွေကို ဖမ်းဖို့ တရားဥပဒေဆိုင်ရာ အမိန့်တွေကို သောကြာနေ့ ညနေပိုင်းမှာ ထုတ်ပြန်ထားတယ်။”ဟု သမ္မတ မာဒူရိုက ဆိုသည်။

ဗင်နီဇွဲလားနိုင်ငံတွင် စီးပွားရေးချွတ်ခြုံကျမှုနှင့်အတူ နိုင်ငံရေး မတည်မငြိမ်ဖြစ်နေပြီး လွှတ်တော်ဥက္ကဋ္ဌဖြစ်သူ ဂွါဒိုက ၎င်းကိုယ်ကို ကြားဖြတ်သမ္မတအဖြစ် ကြေညာထားရာ ထောက်ခံသူများစွာလည်း ရှိနေပြီး အမေရိကန် အပါအဝင် အနောက်အုပ်စုနိုင်ငံများကလည်း အသိအမှတ်ပြုထားသည်။

 
 

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly