အန်ဒါမန်ပင်လယ်တွင် မေလအတွင်းက မလေးရှားအာဏာပိုင်များ ကယ်ဆယ်ခဲ့ရသည့် လူကုန်ကူးခံရသော ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၁၁၄ ဦး အောက်တိုဘာ ၂၀ ရက်က နိုင်ငံရင်းသို့ ပြန်လည်ရောက်ရှိပြီဖြစ်သည်။
ဒေသစံတော်ချိန် နံနက် ၅ နာရီခွဲဝန်းကျင်တွင် Birman Bangladesh Airlines ဖြင့် ဒါကာသို့ ရောက်ရှိလာခြင်းဖြစ်သည်။
ယခုပြန်လည်ရောက်ရှိလာကြသူများမှာ ကို့ဘာဇား၊ စီရတ်ဂျန်၊ နာရာယန်ဂျန်၊ ဂျက်ရှိုးအစရှိသည့် ဒေသများမှ ဖြစ်ကြကြောင်း ကူလာလမ်ပူအခြေစိုက် ဘင်္ဂလားဒေ့ရှ်ကော်မရှင်နာရုံး ပထမအတွင်းဝန် အမျိုးသမီး ရှာဟီဒါဆူတာနာက သည်ဒေးလီးစတားသို့ တယ်လီဖုန်းက တစ်ဆင့်ပြောသည်။
ပင်လယ်တွင်း ကယ်ဆယ်ရေးလုပ်စဉ်က ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၆၂၀ ကို ကယ်ဆယ်ခဲ့ခြင်းဖြစ်ပြီး ယင်းသို့မှ ၁၁၄ ဦး နိုင်ငံရင်းသို့ ပြန်လည်ရောက်ရှိခြင်းဖြစ်သည်ဟု ၎င်းကပြောသည်။
နိုင်ငံသားများ ပြန်လည်ရောက်ရှိရေးအတွက် အစိုးရက စိုင်းပြင်းလုပ်ဆောင်လျက်ရှိနေကြောင်းလည်း အထူးကော်မရှင်နာရုံးကလည်း ပြောသည်။
မေ ၁၁ ရက်က မလေးရှား လန်ကာဝီကျွန်းတွင် လူကုန်ကူးခံ ၁၀၅၁ ဦးအား ကယ်ဆယ်ခဲ့ရာတွင် ဘင်္ဂလားဒေ့ရှ်မှ ရွှေ့ပြောင်းဝင်ရောက်သူ ၇၁၆ ဦးရှိသည်။ လူကုန်ကူးသူများက ၎င်းတို့လူအုပ်အား ထိုင်းတောအုပ်အတွင်း သီတင်းပတ်များကြာ ထားရှိပြီးနောက် ကျွန်းပေါ်တွင် စွန့်ပစ်ထားရစ်ခဲ့ခြင်းဖြစ်သည်။
ဘင်္ဂလားပင်လယ်အော်တွင်း လူကုန်ကူးမှုပြဿနာများကို နိုင်ငံတကာမီဒီယာများက အာရုံစိုက်လာပြီးနောက်ပိုင်း မလေးရှား၊ အင်ဒိုနီးရှား၊ ထိုင်းနှင့် မြန်မာနိုင်ငံတို့မှ ဘင်္ဂလားဒေ့ရှ်နိုင်ငံဖြတ်ကျော်ဝင်ရောက်သူများကို မေလအတွင်းက ကယ်ဆယ်ခံရသည့် ဦးရေသည် ၃၀၀၀ ကျော်ထက်မနည်းရှိကြောင်း သတင်းရင်းမြစ်များက ပြောသည်။
Ref ; ASIA NEWS NETWORK