ဗန်ဒါးဆား၏ ချန်ပီယံလိဂ် ဂိုးမပေးရသည့်စံချိန်ကို ကာဆီးလက်စ်ကျော်ဖြတ်

ဗန်ဒါးဆား၏ ချန်ပီယံလိဂ် ဂိုးမပေးရသည့်စံချိန်ကို ကာဆီးလက်စ်ကျော်ဖြတ်

အောက်တိုဘာ ၂၁၊ ပေါ်တို ။       ။ ပေါ်တိုဂိုးသမား ကာဆီးလက်စ်သည် မန်ယူဂိုးသမားဟောင်း ဗန်ဒါးဆားတင်ရှိထားသည့် ချန်ပီယံလိဂ်ပွဲအများဆုံး ဂိုးမပေးရသည့် စံချိန်ကို ၅၁ ပွဲဖြင့်ကျော်ဖြတ်နိုင်ခဲ့ သည်။

ပေါ်တိုက မက္ကာဘီတဲလ်အဗစ်ကို ၂-၀ ဖြင့်အနိုင်ရသည့်ပွဲတွင် ဂိုးမပေးခဲ့ရသည့် ကာဆီးလက်စ်သည် အေဂျက်၊ ဂျူဗင်တပ်နှင့် မန်ယူဂိုးသမား ဟောင်း ဗန်ဒါးဆား၏စံချိန်ကို တစ်ပွဲအသာဖြင့်ကျော်ဖြတ်နိုင် ခဲ့ခြင်းဖြစ်သည်။

အသက် ၃၄ နှစ်အရွယ်ရှိ ကာဆီးလက်စ်သည် ရီးယဲလ်မက်ဒရစ်အသင်းနှင့်အတူ ချန်ပီယံလိဂ်ဖလား သုံးလုံးရခဲ့ဖူးပြီး နွေရာသီအပြောင်းအ ရွှေ့အတွင်း ပေါ်တိုသို့ရောက်လာခဲ့သူဖြစ်သည်။

ချန်ပီယံလိဂ်ပွဲအများဆုံးဂိုးမပေးရသည့် ဂိုးသမားများမှာ ကာဆီးလက် (ရီးယဲလ်မက်ဒရစ်၊ ပေါ်တို) ၅၁ ပွဲ၊ ဗန်ဒါးဆား (အေဂျက်၊ ဂျူဗင်တပ်၊ မန်ယူ) ပွဲ ၅၀၊ ဗဲလ်ဒက်စ် (ဘာစီလိုနာ) ၄၅ ပွဲ၊ ပီတာချက် (စပါတာပရက်၊ ချယ်လ်ဆီး၊ အာဆင်နယ်) ၄၅ ပွဲ၊ ဘူဖွန် (ပါးမား၊ ဂျူဗင်တပ်) ၃၇ ပွဲ တို့ ဖြစ်ကြသည်။

Ref; Daily Mail

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly