ကြိုတင်မဲကို အလွဲသုံးစားမဖြစ်အောင် လုပ်ဆောင်မည်ဟု ရွေးကောက်ပွဲကော်မရှင် သန္နိဋ္ဌာန်ပြု

ကြိုတင်မဲကို အလွဲသုံးစားမဖြစ်အောင် လုပ်ဆောင်မည်ဟု ရွေးကောက်ပွဲကော်မရှင် သန္နိဋ္ဌာန်ပြု

နိုဝင်ဘာ ၁၃ ။        ။ ၂၀၂၀ ရွေးကောက်ပွဲတွင် ကြိုတင်မဲကို အလွဲသုံးစားလုပ်ပြီး အနိုင်ရသွားခြင်းမရှိစေရန် လုပ်ဆောင်သွားပါမည်ဟု ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်းက နေပြည်တော်တွင် ယနေ့ပြုလုပ်သော ရွေးကောက်ပွဲဆိုင်ရာ စွမ်းရည်မြှင့်တင်ရေးသင်တန်းဖွင့်ပွဲမှာ သန္နိဋ္ဌာန်ပြုလိုက်သည်။

".ပြီးခဲ့တဲ့ကာလတွေ ရွေးကောက်ပွဲကျင်းပခဲ့တာတွေကိုပြန်ကြည့်ရင် ဒီကြိုတင်မဲက လူထုကြားမှာ အပြောအများ ဆုံးပဲ။)အဲ့လိုလဲဒီကာလတွေမှာတကယ်ဖြစ်ခဲ့တယ် ။ကြိုတင်မဲတွေနဲ့မတရားသဖြင့်အနိုင်ယူတယ်ဆို တာ ကျွန်တော်တို့ဖြစ်ပေါ်ခဲ့တာတွေရှိတယ်။ကျွန်တော်တို့ ကော်မရှင်လက်ထက်မှာကျွန်တော်က ၂၀၂၀ရွေးကောက်ပွဲမှာကြိုတင်မဲနဲ့ ဘယ်လိုနည်းနဲ့မှအနိုင်ယူလို့မရအောင်၊ဘယ်လိုနည်းနဲ့မှ ပွားလို့မရအောင် ကျွန်တော်တို့ကော်မရှင်မှာ တာဝန်ရှိပါတယ်။ အဲ့ဒါကြိုတင်မဲကိစ္စကတော့အလေး အနက်ထားပြီး ဂရုစိုက်ပြီးတော့ အထူးအာရုံစိုက်ပြီးဆောင်ရွက်ရမှာဖြစ်ပါတယ်။ဘာလို့လည်းဆိုရင်ကျွန်တော်တို့ အဲ့ဒီကြိုတင်မဲတွေနဲ့ ကျွန်တော်တို့လက်ထက်မှာ တစ်စွန်းတစ်စမှမပေါ်ပေါက်အောင် စောင့်ရှောက်ထိန်းသိမ်းရမယ့် တာဝန်ကျွန်တော်တို့မှာ ရှိပါတယ်.” ဟု ဦးလှသိန်းက ပြောသည်။

ရွေးကောက်ပွဲကာလတွင် မဲမသမာမှုများ၊ ဖြားယောင်းသွေးဆောင်မှုများမရှိစေရန်နှင့် မဲပေးစနစ်မှန်ကန်မှုရှိစေရန်လည်း ပညာပေးလုပ်ငန်းများကို ကော်မရှင်က လုပ်ဆောင်မည်ဟု ဆိုသည်။

“အခြားနိုင်ငံတွေလို တိုးတက်ပြီးနိုင်ငံတွေလို မဲပေးတဲ့တာဝန်က ဒို့တာဝန်၊ဒို့တာဝန်မှာမှအရေးကြီးဆုံး တာဝန်၊ငါးနှစ်မှ တစ်ကြိမ်ပေး ရတာ၊ တစ်နှစ်တစ်ကြိမ်ပေးလို့မရဘူး။ ဒီ ငါးနှစ်တစ်ကြိမ်အဆုံးအဖြတ်မှားသွားရင် ဒို့ပဲ ပြန်ခံရမယ်ဆိုတဲ့mindset ကိုရောက်အောင် အများကြီးပြောပေးဖို့လိုတယ်။ ” ဟု ဦးလှသိန်းက ပြောသည်။

အထွေထွေရွေးကောက်ပွဲကို ၂၀၂၀ နှစ်ကုန်ပိုင်းမှာ ကျင်းပသွားဖို့ ရှိနေသော်လည်း ရက်သတ်မှတ်ရခြင်း မရှိသေးပါ။ လွတ်လပ်မှု၊ တရားမျှတမှု ၊ ပွင့်လင်းမြင်သာမှု၊ အများယုံကြည်လက်ခံမှု၊ ပြည်သူ့ဆန္ဒနှင့် ရွေးကောက်ပွဲ ရလာဒ်တစ်ထပ်တည်းဖြစ်စေရေး ဟူသော စံငါးချက်နှင့်အညီ ကျင်းပသွားမည်ဟု ကော်မရှင်က ပြောထားသည်။
 

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly