ပရီးမီးယားလိဂ်တစ်လတာ အကောင်းဆုံးနည်းပြဆုကို ပထမဆုးအကြိမ် ရရှိခဲ့တဲ့ လမ်းပတ်
****************
ဖရန့်လမ်းပတ်ဟာ ပြီးခဲ့တဲ့ အောက်တိုဘာလအတွက် တစ်လတာ အကောင်းဆုံး ပရီးမီးယားလိဂ်နည်းပြဆုကို နည်းပြဘဝ ပထမဆုံးအကြိမ်အဖြစ် ရရှိခဲ့တယ်လို့ သိရပါတယ်။
လမ်းပတ်ဟာ အောက်တိုဘာလအတွင်း ယှဉ်ပြိုင်ကစားခဲ့တဲ့ ချယ်လ်ဆီးအသင်းရဲ့ ပွဲစဉ် (၃)ပွဲစလုံးကို ရာနှုန်းပြည့် အနိုင်ရလဒ် ရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့တာကြောင့် တစ်လတာအကောင်းဆုံးဆုအတွက် ဆနခါတင် နည်းပြတွေဖြစ်တဲ့ ကလော့ပ်၊ ဘရန်ဒန် ရော်ဂျာ၊ ဒင်စမစ်နဲ့ ဂရေဟမ် ပေါ်တာတို့ကို ကျော်ဖြတ်ပြီး ရရှိခဲ့တာပါ။
သတင်းအပြည့်စုံ - http://www.mizzimaburmese.com/article/62573
တင်ဆက် - ဆက်ဝေယံနိုင်