ချန်ပီယံလိဂ်တွင် ဘိုင်ယန်မြူးနစ်ကို အနိုင်ကစားမည်ဟု အာစင်ဝင်းဂါးပြော

ချန်ပီယံလိဂ်တွင် ဘိုင်ယန်မြူးနစ်ကို အနိုင်ကစားမည်ဟု အာစင်ဝင်းဂါးပြော

အောက်တိုဘာ ၁၉၊ လန်ဒန် ။                ။ အာဆင်နယ်အသင်းသည် အင်္ဂါနေ့တွင် အိမ်းမရိတ်စ်သို့ ချန်ပီယံလိဂ်ပွဲလာကစားမည့် ဘိုင်ယန်မြူးနစ်အသင်းကို အနိုင်ကစားသွားမည်ဟု နည်းပြအာစင်ဝင်းဂါးက ပြောသည်။

ချန်ပီယံလိဂ်အုပ်စု (စ)တွင် အာဆင်နယ်အသင်းသည် ဒိုင်နမိုဇာဂရက်နှင့် အိုလံပီယာကို့စ်တို့ကို အရေးနိမ့်ထားချိန်တွင် ဘိုင်ယန်မြူးနစ် အသင်းကမူ နှစ်ပွဲအနိုင်ရထားသည်။

၂၀၁၃ ချန်ပီယံ ဘိုင်ယန်မြူးနစ်အသင်းနှင့် နှစ်ပွဲဆက်ရင်ဆိုင်ရသည့်အခါ အာဆင်နယ်အသင်းအနေဖြင့် ၁၉၉၈-၉၉ နောက်ပိုင်း အုပ်စုအဆင့် မှ ပထမဆုံးအကြိမ်ထွက်ခွာရခြင်းမရှိစေရန်အတွက် ရလဒ်ကောင်းရန်လိုအပ်နေသည်။

လက်ရှိအချိန်တွင်ဘိုင်ယန်မြူးနစ်အသင်းသည် ပြိုင်ပွဲစုံ ၁၂ ပွဲဆက်အနိုင်ရထားသည့်တိုင် အာစင်ဝင်းဂါးကမူ အာဆင်နယ်အသင်း၏ မကြာသေးခင်က ခြေစွမ်းကောင်းအပေါ် ယုံကြည်မှုရှိနေသည်။

"ကျွန်တော်တို့ ပရီးမီယားလိဂ်မှာ ခြေစွမ်းပြနေတယ်။ ဒါက ဘိုင်ယန်မြူးနစ်နဲ့ပွဲအတွက် အကောင်းဆုံးပြင်ဆင်မှုလည်းဖြစ်တယ်။ ဘာကြောင့် လဲဆိုတော့ ဒဏ်ရာရကစားသမားမရှိသလို သုံးမှတ်လည်းရယူနိုင်ခဲ့လို့ပဲ"ဟု ဝက်ဖို့ဒ်ကို ၃-၀ ဖြင့်အနိုင်ရသည့်ပွဲအပြီးတွင် ဝင်းဂါးကပြော သည်။

ဆက်လက်၍၎င်းက "အခုအချိန်မှာတော့ အင်္ဂါညပွဲအတွက် အပြည့်အဝအာရုံစိုက်နိုင်ပြီး အရာရာတိုင်းလုပ်နိုင်သမျှလုပ်ဖို့ရှိတဲ့ အနေအထားကို ရောက်နေပြီ။ ဒီပွဲအတွက်ကျွန်တော်တို့ဘယ်လောက်ပြင်ဆင်နိုင်စွမ်းရှိလဲ၊ ဘယ်လောက်ချဉ်းကပ်နိုင်စွမ်းရှိလဲဆိုတာကို ကျွန်တော်ကြည့်မယ် လေ။ ယုံကြည်မှုလည်းရှိနေတယ်။

လိုချင်တဲ့ရလဒ်လည်း အဲဒီမှာရှိမယ်။ ကျွန်တော်တို့ဘာလိုနေတယ်ဆိုတာကိုလည်း အတိအကျသိထား တယ်။ ဂိုးမရှိသရေရလဒ်ဆိုတာက တောင် မလုံလောက်လို့ ဂိုးသွင်းဖို့အတွက် တိုက်စစ်ကစားမယ်"ဟု ပြောသည်။

Ref; goal.com

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly