ပုသိမ်မြို့နယ်ရှိ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်တွင် မီးလောင်မှု ဖြစ်ပွား

ပုသိမ်မြို့နယ်ရှိ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်တွင် မီးလောင်မှု ဖြစ်ပွား

ပုသိမ် ၊ အောက်တိုဘာ ၃၀။         ။ ပုသိမ်မြို့နယ်၊မြန်မာ့လယ်ယာဖွံဖြိုးရေးဘဏ်တွင် အောက်တိုဘာလ၂၉ရက်နေ့၊နံနက်တွင် မီးလောင် မှုဖြစ်ပွားခဲ့ကြောင်း ပုသိမ်မြို့နယ်၊မြန်မာ့လယ်ယာဖွံဖြိုးရေးဘဏ်မှ မန်နေဂျာ ဦးထွန်းထွန်းဝင်းက ပြောသည်။

“ည ၁၂နာရီပတ်ဝန်ကျင်လောက်မှာပေါ့။ ကျွန်တော်တို့က ရုံးအပေါ်ထပ်မှာနေတယ်။ နောက်တစ်နေ့ အလှူလေးတစ်ခု လုပ်စရာရှိလို့အလုပ်လုပ်နေရင်းနဲ့ ညော်နံရတယ်။ ကျွန်တော်တို့အောက်ကို ငုံကြည့် တဲ့အခါမှာ အောက်ကရုံးခန်းထဲကပြတင်းပေါက် မီးခိုးတွေထွက်နေတယ်။ ဆင်းကြည့်တော့ မီးတော့ မမြင်ဘူး။ မီးခိုးတွေတော်တော်လေးထွက်နေတာတွေ့တယ်၊ချက်ခြင်းပဲ မီးသတ်ကိုခေါ်တယ်” ဟု ပုသိမ်မြို့နယ်မန်နေဂျာ်ဦးထွန်းထွန်းဝင်းကပြောသည်။

အဆိုပါ မီးလောင်မှုနှင့်ပတ်သက်၍ စစ်ဆေးရာ ဘဏ်၏အနောက်ဘက်ရှိ ပြတင်းပေါက်တစ်ပေါက်မှာ ပွင့်နေကြောင်း၊နံရံအပြင်ဘက်တွင် တစ်လီတာဆန့် ရေသန့်ဗူးဖြင့်ဓါတ်ဆီများ ထည့်ထားသည်ကို တွေ့ရှိရပြီး ရုံးအတွင်းဘက် စာရွက်စာတမ်းများအနီးတွင် သစ်သားစားပွဲမီးလောင်ကျွမ်းထားသည်ကို တွေ့ရှိရကြောင်း သိရသည်။ ထို့နောက် ဆက်လက်စစ်ဆေးရာ ရေသန့်ဗူးအသေးဖြင့်ထည့်ထားသည့် ဓါတ်ဆီဗူး ငါးဗူးကို ရှာဖွေတွေ့ရှိခဲ့ကြောင်း ရဲမှတ်တမ်းများအရ သိရှိရသည်။

“ရုံးကိုပတ်ကြည့်တဲ့အခါ စာရွက်စာတမ်းတချို့နဲ့စားပွဲမီးလောင်နေတယ်။ အပြင်ကနေ ရေနဲ့လှမ်း ပက်တော့ မီးညွန့်တော့ ကျိုးသွားတယ်။ လောင်တာတော့အများကြီးမဟုတ်ပါဘူး။ လျှပ်စစ်ကြောင့် လည်းမဟုတ်ဘူး။ လောင်စရာမရှိလဲလောင်တယ်ဆိုတော့ အမှားအယွင်းရှိတယ်ဆိုပြီး ရဲစခန်းမှာတော့ အမှုဖွင့်ထားပါတယ်” ဟု မြို့နယ်မန်နေဂျာက ဆက်ပြောသည်။

အဆိုပါ မီးလောင်မှုကို ပုသိမ်မြို့ရဲစခန်းတွင် ပ ၇၀၅/၂၀၁၉၊ရာဇသတ်ကြီးပုဒ်မ ၄၃၆ဖြင့် မြို့နယ်မန်နေဂျာဦးထွန်းထွန်းဦးက တရားလိုပြုလုပ်ကာ အမှုဖွင့်လှစ်ထားကြောင်း သိရသည်။

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly