မန္တလေးတွင် ရှစ်နှစ်အရွယ်မိန်းကလေးတစ်ဦး အဓမ္မကျင့်ခံရ

မန္တလေးတွင် ရှစ်နှစ်အရွယ်မိန်းကလေးတစ်ဦး အဓမ္မကျင့်ခံရ

မန္တလေး အောက်တိုဘာ ၂၅။          ။ မန္တလေးမြို့၊အောင်မြေသာစံမြို့နယ် …….ရပ်ကွက်တွင် အောက်တိုဘာလ ၂၄ ရက်နေ့ ည ၇ နာရီ ၃၀မိနစ်က အသက် ရှစ် နှစ်အရွယ် ကလေးငယ်တစ်ဦး အဓမ္မပြုကျင့်ခံရမှု တစ်ခု ဖြစ်ပွားခဲ့ကြောင်း အမှတ် ၄ နယ်မြေရဲစခန်းမှသိရသည်။

ဖြစ်စဉ်မှာ အသက် ရှစ် နှစ်အရွယ် ကလေးငယ်သည် အိမ်အနီးရှိ လက်ဖက်ရည်ဆိုင်တွင် တီဗီကြည့်ရန်ထွက်သွားစဉ် နေအိမ်နှင့်ကပ်လျှက်အိမ်တွင် နေထိုင်သည့် အသက် (၁၅) နှစ် အရွယ်ရှိ မောင်….ဆိုသူက ချုံပုတ်အတွင်းပွေ့ချီ၍  ခြိမ်းခြောက်ပြီး အဓမ္မပြုကျင့်ခဲ့သည်ဟု ရဲမှတ်တမ်းတွင် ဖော်ပြထားသည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ ကျူးလွန်သူကို အမှတ် (၄) ရဲစခန်းတွင် (ပ)၄၇၂/၂၀၁၉ ၊ ရာဇသတ်ကြီးပုဒ်မ - ၃၇၆/၃၆၃ ဖြင့် အမှုဖွင့်၍ ဖမ်းဆီးထားကြောင်းသိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly