ကနေဒါ ရွေးကောက်ပွဲ ဝန်ကြီးချုပ် ထရူးဒိုး၏ လစ်ဘရယ်ပါတီ အနိုင်ရ

ကနေဒါ ရွေးကောက်ပွဲ ဝန်ကြီးချုပ် ထရူးဒိုး၏ လစ်ဘရယ်ပါတီ အနိုင်ရ

အောက်တိုဘာ ၂၂ ။             ။ ကနေဒါနိုင်ငံမှာ အောက်တိုဘာ ၂၁ ရက်မှာ ကျင်းပတဲ့ ဖက်ဒရယ် အထွေထွေ ရွေးကောက်ပွဲတစ်ရပ် နဲ့အတူ လက်ရှိ ဝန်ကြီးချုပ် ဂျက်စတင် ထရူးဒိုးကပဲ အာဏာကို ဆက်လက် ထိန်းချုပ်ထား လိုက်နိုင်ပြီ ဖြစ်ပါတယ်။ဒါပေမယ့် ယခုရွေးကောက်ပွဲမှာ ၎င်းရဲ့ လစ်ဘရယ်ပါတီအနေနဲ့ ကျဉ်းမြောင်းတဲ့ ရလဒ်နဲ့ပဲ အနိုင်ရရှိခဲ့ပါတယ်။

TVA ၊ CTV နဲ့ CBC ရုပ်သံတို့ရဲ့ ကြေညာချက်အရ ထရူးဒိုးရဲ့ လစ်ဘရယ် ပါတီအုပ်စုအနေနဲ့ မဲအပြတ်အသတ် အသာမရခဲ့တဲ့အတွက် လူနည်းစု အစိုးရတစ်ရပ်ကိုသာ ဖွဲ့စည်းနိုင်တော့မည်ဖြစ်ကြောင်း ကြေညာသွားခဲ့ပါတယ်။

ယင်း ပါတီအနေနဲ့ ရွေးကောက်ပွဲ မဲဆန္ဒနယ် ၃၃၈ ခုမှာ ၁၃၄ နေရာအထိ အနိုင်ရရှိထားလျက်ရှိပြီး အနီးကပ်ပြိုင်ဘက် အန်ဒရူး ရှီးရားရဲ့ ကွန်ဆာတေးဗစ်အုပ်စုက နေရာ ၁၀၇ နေရာ အနိုင်ရထားကြောင်း ကနဦး ရလဒ်တွေ အရ သိရပါတယ်။

၀န်ကြီးချုပ် ထရူးဒိုးကတော့ ကနေဒါ နိုင်ငံရေးမှာ ပြီးခဲ့တဲ့ လေးနှစ်တာအတွင်း လွှမ်းမိုးထားနိုင်ခဲ့ပေမယ့် နောက်ပိုင်းကာလတွေမှာ မကောင်းသတင်းတွေနဲ့ ရုန်းကန်နေခဲ့ရတာဖြစ်ပါတယ်။

ယင်းအတွက် အာဏာဆက်ချုပ်ကိုင်ထားနိုင်ဆဲဆိုပေမယ့် အားနည်းမှုတွေ ရှိလာနေတဲ့အတွက် မစ္စတာ ထရူးဒိုးအနေနဲ့ ယခု နောက်သက်တမ်းအတွင်းမှာတော့ ဥပဒေတွေ အတည်ပြုနိုင်ဖို့အတွက် အခြားပါတီတွေနဲ့ မဖြစ်မနေ ပူးပေါင်းလုပ်ကိုင်ရဖို့ ရှိနေပါတယ်။

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly