၂၁ ရာစုပင်လုံညီလာခံ စတုတ္တအကြိမ်ကို ရွေးကောက်ပွဲမတိုင်မီ ပြုလုပ်ဖွယ်ရှိ

၂၁ ရာစုပင်လုံညီလာခံ စတုတ္တအကြိမ်ကို ရွေးကောက်ပွဲမတိုင်မီ ပြုလုပ်ဖွယ်ရှိ

ရန်ကုန်၊ အောင်တိုဘာ ၂၀ ။         ။ ပြည်ထောင်စုငြိမ်း ချမ်းရေးညီလာခံ (၂၁) ရာစုပင်လုံကို လာမည့် ၂၀၂၀ ရွေးကောက်ပွဲမတိုင်မီပြု လုပ်ရန် အစိုးရနှင့် တိုင်းရင်းသားလက် နက်ကိုင်အဖွဲ့များကြား အကြမ်းဖျင်းသဘောတူညီ ထား ကြောင်း ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) ထိပ်ပိုင်းခေါင်းဆောင်တစ်ဦးဖြစ်သူ ဒေါ်စောမြရာဇာလင်း မဇ္ဈိမသို့ပြောသည်။

“ ကျွန်မတို့ညှိနေကြတာတော့ရှိတယ်။ ၂၁ ရာစုပင်လုံကို စတုတ္တအအစည်းအဝေးပေါ့လေ ၂၀၂၀ ရွေးကောက်ပွဲမတိုင်ခင်တစ်ကြိမ်ေတာ့ ကျင်းပမယ်ဆိုတာမျိုးကတော့ EAO နဲ့သဘောတူညီချက်ရှိ တယ်။ ပြင်ဆင်မှုတွေတော့ ဘာမှမရှိသေးဘူး ” ဟု၎င်းကဆိုသည်။

၂၁ ရာစုပင်လုံညီလာခံကျင်းပရန်အသေးစိတ်ကို အတိုင်ပင်ခံနှင့် တပ်ချုပ်ကိုယ်တိုင်တက်ရောက်မည့် NCA အကောင်အထည်မှုဆိုင်ရာ အစည်းအဝေး JICM တွင်ဆုံးဖြတ်သွားရမည်ဖြစ်သည်။

ထို့ကြောင့် NCA ရေးထိုးခြင်း လေး နှစ်ပြည့်အခမ်းအနားကျင်းပမည့် အောက်တိုဘာ ၂၈ ရက်နေ့တွင် ပင်လုံကျင်းပရေးနှင့် JICM အစည်း အဝေးကျင်းပရေးကိစ္စရပ်များကို ဆွေးနွေးကြမည်ဟုလည်း ဒေါ်စောမြရာဇာလင်းကဆိုသည်။

 “ အရင်ညီလာခံတွေထက်ထူးခြားအောင်လုပ်ဖို့ စဉ်းစားချက်တွေတော့ရှိကြတယ်။ ဖက်ဒရယ်မူဝါဒ တွေကိုရအောင်သွားဖို့ ဆိုတဲ့စဉ်းစား ချက်တွေရှိကြတယ်။ ဒါပေမယ့် အစိုးရရဲ့ ဖက်ဒရယ်မူဝါဒနဲ့ EAOရဲ့ ဖက်ဒရယ်မူဝါဒမတူတာတွေရှိတယ်။ အဲ့တာတွေညှိဖို့လိုအပ်တယ် ” ဟု၎င်းကပြောသည်။

ပြည်ထောင်စုငြိမ်း ချမ်းရေးညီလာခံ (၂၁) ရာစုပင်လုံကို တစ်နှစ်တစ်ကြိမ်ပြုလုပ်ရန် အစိုးရနှင့် NCA ထိုးအဖွဲ့များ အကြားသဘောတူညီ ထားခြင်းလည်းဖြစ်သည်။

 သို့သော် တတိယအကြိမ်ကျင်းပခဲ့သည့် ၂၀၁၈ ခုနှစ် ဇူလိုင်လ နောက်ပိုင်းတွင် ဆွေးနွေးပွဲများ၌ အခက်အခဲတစ်ချို့ကြုံတွေ့ခဲ့ရပြီးနောက် ယခုကဲ့သို့ ထပ်မံပြုလုပ်ရန်ကြန့်ကြာလာခဲ့ရြခင်းလည်းဖြစ်သည်။

ပထမအကြိမ် ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစုပင်လုံကို ၂၀၁၆ ခုနှစ် သြဂုတ်လ ၃၁ ရက်နေ့မှ စက်တင်ဘာလ ၄ ရက်နေ့ အထိ ကျင်းပခဲ့ပြီး ဒုတိယအကြိမ်ကို ၂၀၁၇ ခုနှစ် မေလ ၂၄ ရက်နေ့မှ ၂၈ ရက်နေ့အထိ ကျင်းပခဲ့ကာ တတိယအကြိမ်ကို ၂၀၁၈ ခုနှစ် ဇူလိုင်လ ၁၁ ရက်နေ့မှ ၁၆ ရက် နေ့အထိ ကျင်းပပြုလုပ်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly