မြသလွန်ပွဲစျေးတွင် ရောင်းချသည့်စားသောက်ဆိုင်များ သန့်ရှင်းမှုရှိစေရေး ‌‌နေ့စဉ် စစ်ဆေးနေဟုဆို

မြသလွန်ပွဲစျေးတွင် ရောင်းချသည့်စားသောက်ဆိုင်များ သန့်ရှင်းမှုရှိစေရေး ‌‌နေ့စဉ် စစ်ဆေးနေဟုဆို

မကွေး၊ အောက်တိုဘာ ၁၇ ။        ။ နှစ်စဉ်စည်ကားသိုက်မြိုက်စွာကျင်းပသည့် မကွေးမြို့ရှိ မြသလွန်ဘုရားပွဲစျေးတွင် ရောင်းချနေသည့် စားသောက် ဆိုင်များ သန့်ရှင်းမှုရှိစေရေးအတွက် ဘုရားပွဲတော်ရက်အတွင်း နေ့စဉ်စစ်ဆေးမှုများပြုလုပ်နေေကြာင်း မကွေး မြို့နယ် ကျန်းမာရေးဌာနက သိရသည်။

“စားသောက်ဆိုင်တွေကို စစ်ဆေးတဲ့အခါမှာ အစားအသောက်တွေ သန့်သန့်ရှင်းရှင်း ရောင်းချမှု ရှိမရှိ၊ ပန်းကန် ဆေးရာမှာ သန့်ရှင်းမှု ရှိမရှိ၊ရောင်းချသူလက် သန့်ရှင်းမှု ရှိမရှိ စတာတွေကို စစ်ဆေးပါတယ်။ ဆိုင်တွေကို လိုက် စစ်ရာမှာ ယင်မနားအောင် အစားအသောက် သန့်ရှင်းမှု ရှိမရှိနဲ့ဝမ်းပျက်ဝမ်းလျောရောဂါမဖြစ်ပွားစေရေးအတွက် လိုက်စစ်တာပါ " ဟု မကွေးမြို့နယ် မိခင်ကလေးကျန်းမာရေးဌာနမှ အမျိုးသမီးကျန်းမာရေး ဆရာမ ဒေါ်ဌေးဌေးမော် ကပြောသည်။

အဆိုပါစစ်ဆေးရေးအဖွဲ့တွင် မြသလွန်ဘုရားဂေါပကအဖွဲ့၊ ကျန်းမာရေးအဖွဲ့၊ စည်ပင်၊ ကြက်ခြေနီ၊ ရဲတပ်ဖွဲ့ မီးသတ် တပ်ဖွဲ့ စသည့်အဖွဲ့များမှ ပူးပေါင်းစစ်ဆေးကြောင်း ဘုရားပွဲ‌တော်အတွင်း ရေသန့်ရှင်းမှုရှိရေး၊ အညစ်အကြေးများကို စနစ်တကျ စွန့်ပစ်ရေး၊ ဆိုင်များတွင် ရေဆိုးကျင်းများကို စနစ်တကျတူးထားခြင်း ရှိမရှိ ၊ရေရောင်းချသူများ၊ အလုပ် သမားများ တစ်ကိုယ်ရေ သန့်ရှင်းမှုရှိစေရေး၊ အစားအသောက်များကို ယင်မနားစေရေးစသည့် ကျန်းမာရေး အသိ ပညာ‌ပေးခြင်းတို့ကို စစ်ဆေးအသိပညာပေးဟောပြောခဲ့ကြောင်း သိရသည်။

“ ပွဲတော်အတွင်းမှာ စားသောက်ဆိုင်တွေကို နေ့စဉ်လိုက်လံစစ်ဆေးတဲ့အတွက် အားလုံးအတွက် ကောင်းတယ်” ဟု မြသလွန်ဘုရားပွဲစျေးမှ အကင်ဆိုင်ပိုင်ရှင် မစန္ဒာဦးက ပြောသည်။

မြသလွန်ဘုရားပွဲတော်တွင် ဘုရားဖူးလာပြည်သူများ ပွဲစျေးအတွင်း နေထိုင်မကောင်းဖြစ်ပါက ဆေးကုသနိုင်ရေး အတွက် အခမဲ့ဆေးပေးခန်များလည်း ဖွင့်လှစ်ထားကြောင်း သိရသည်။

မြသလွန်ဘုရားပွဲတော်ကြီးကို (၁၃၈၁) ခုနှစ် (သတင်းကျွတ်လဆန်း (၁၀) ရက်) အောက်တိုဘာ လ (၈)ရက်မှ (သတင်းကျွတ်လကွယ်နေ့) အောက်တိုဘာလ (၂၇)ရက်နေ့အထိ ရက် (၂၀)ကြာ ကျင်းပမည်ဖြစ်သည်။

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly