တစ်ကျော့ပြန် ပိုလီယိုကြောင့် ဖိလစ်ပိုင်မှာ အကြီးစား ကာကွယ်ဆေးထိုး လုပ်ငန်းစဉ်များ ဆောင်ရွက်

တစ်ကျော့ပြန် ပိုလီယိုကြောင့် ဖိလစ်ပိုင်မှာ အကြီးစား ကာကွယ်ဆေးထိုး လုပ်ငန်းစဉ်များ ဆောင်ရွက်

မနီလာ၊ အောက်တိုဘာ ၁၅။        ။  အိပ်ပျော်နေတဲ့ ကလေးငယ်တွေကို ရင်ခွင်ပိတ်ရင်း နေထွက်ချိန်ကနေစလို့ တန်းစီစောင့်ဆိုင်းနေကြတဲ့ ဖိလစ်ပိုင်မိဘတွေကို မြင်တွေ့ကြရမှာ ဖြစ်ပါတယ်။

ဒါဟာဆိုရင် ဖိလစ်ပိုင်နိုင်ငံမှာ တစ်ကျော့ပြန် ပိုလီယိုရောဂါကြောင့် အကြီးစား ကာကွယ်ဆေးထိုး လုပ်ငန်းစဉ်တွေကို တနင်္လာနေ့က ဖော်ဆောင်လုပ်ကိုင်လာတာကြောင့်ပါပဲ။

နိုင်ငံအတွက် နောက်ဆုံး ရင်ဆိုင်ရတဲ့ အရေးကိစ္စအဖြစ် ဆယ်စုနှစ် နှစ်စုနီးပါး ကင်းစင်ခဲ့တဲ့ ပိုလီယိုရောဂါဟာ တစ်ကျော့ပြန် ဖြစ်ပွားလာတာ ဖြစ်ပါတယ်။

ကာကွယ်ဆေးထိုးတဲ့ နှုန်းထား နှစ်တွေနဲ့ချီ ကျဆင်းလာခဲ့တာကနေ စက်တင်ဘာလအတွင်းမှာ ကြိုတင်ကာကွယ်နိုင်တဲ့ အဲဒီ ပိုလီယိုရောဂါဟာ နိုင်ငံတွင်းမှာ တစ်ကျော့ပြန် ခေါင်းထောင်လာတော့တာပါ။

“ဒါဟာ ကျွန်မ ကလေးအတွက်ပါပဲ။”လို့ မနီလာဆင်းရဲသားရပ်ကွက်က မီရန်ဒါဟာ သူကလေးငယ်ကို ပါးစပ်ထဲ ဆေးစက်ချ တိုက်ကျွေးအပြီးမှာ ပြောပါတယ်။

လူဦးရေ ၁၃ သန်းနီးပါး ရှိတဲ့ မနီလာမြို့တော်မှာ ကာကွယ်ဆေး မတိုက်ကျွေးရတဲ့ ကလေးငယ်နှုန်းထား တော်တော်များများ ရှိနေပါတယ်။

၂၀၁၆ ခုနှစ်မှာ ကာကွယ်ဆေး တိုက်ကျွေးပြီး ကလေးနှုန်း ၇၇ ရာခိုင်နှုန်းကနေ ပြီးခဲ့တဲ့ ဇွန်လမှာ ၂၄ ရာခိုင်နှုန်းအထိကို ထိုးဆင်းသွားခဲ့တာ ဖြစ်ပါတယ်။

သွပ်ချာပါဒလိုက်ပြီး တစ်ချို့ ကူးစက်မှုတွေမှာ အသက်အန္တရာယ်ပါ ဖြစ်စေတဲ့ ပိုလီယိုရောဂါဟာ ကုသနိုင်တဲ့ ရောဂါမဟုတ်ဘဲ ကြိုတင်ကာကွယ်ရတဲ့ ရောဂါပဲ ဖြစ်ပါတယ်။

စက်တင်ဘာလအတွင်းက ဖိလစ်ပိုင်မှာ ၂၀၀၁ ခုနှစ်နောက်ပိုင်း ပထမဆုံးအဖြစ် ပိုလီယိုဖြစ်ပွားမှု နှစ်ရပ်ကို တွေ့ရှိခဲ့ရတာ ဖြစ်ပါတယ်။

  Mizzima Key Campaign မှာ ပါဝင်ဖို့ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly