စိန်ခေါ်သူ ဘရန်ဒန်ဗီရာကို ဒုတိယအချီမှာ ဒိုင်ပွဲရပ်နဲ့ အနိုင်ယူခဲ့တဲ့ အောင်လအန်ဆန်

စိန်ခေါ်သူ ဘရန်ဒန်ဗီရာကို ဒုတိယအချီမှာ ဒိုင်ပွဲရပ်နဲ့ အနိုင်ယူခဲ့တဲ့ အောင်လအန်ဆန်

မြန်မာ့စပါးအုံး အောင်လအန်ဆန်ဟာ စိန်ခေါ်သူ ဘရန်ဒန်ဗီရာ (ဖိလစ်ပိုင်)ကို ဒုတိယအချီမှာ ဒိုင်ပွဲရပ်နဲ့ အနိုင်ရပြီး သူ့ရဲ့ လိုက်ဟဲဗီးဝိတ် ကမ္ဘာ့ချန်ပီယံရွှေခါးပတ်ကို ကာကွယ်လိုက်နိုင်ပါတယ်။

ဘရန်ဒန်ဗီရာဟာ ပြီးခဲ့တဲ့ မတ်လ ၃၁ ရက်က ဂျပန်နိုင်ငံ၊ တိုကျိုမြို့မှာပဲ ကျင်းပခဲ့တဲ့ လိုက်ဟဲဗီးဝိတ် ကမ္ဘာ့ချန်ပီယံ ကာကွယ်ပွဲမှာ ချန်ပီယံ အောင်လအန်ဆန်က ဂျပန်ဖိုက်တာ ကန်ဟက်ဆီဂါဝါကို အနိုင်ယူပြီးတဲ့အချိန်မှာ စင်ပေါ်တက်ပြီး အောင်လနဲထိုးသတ်ဖို့ စိန်ခေါ်ခဲ့သူပါ။

ဂျပန်နိုင်ငံ၊ တိုကျိုမြို့မှာ ကျင်းပတဲ့ MMA (One Championship) ရဲ့ ရာပြည့်ပွဲအဖြစ် Century လို့ နာမည်ပေးထားတဲ့ အထူးပွဲရဲ့ နောက်ဆုံးခေါင်ပွဲမှာ နှစ်ယောက်လုံးက လက်သီးထိုး အဓိက ကစားသွားပြီး ထိုးသတ်သွားခဲ့ကြပါတယ်။

ဒါပေမယ့် ဒုတိယအချီမှာ အောင်လအန်ဆန်က လက်သီးထိုး အသားရခဲ့ပြီး ဘရန်ဒန်ဗီရာကို တံတောင်နဲ့ တွယ်လိုက်တာ ထိချက်မိပြီး လဲကျသွားချိန် အောင်လက ဖိထိုးနိုင်လို့ ဒိုင်က ပွဲရပ်ပြီး အောင်လကို အနိုင်ပေးခဲ့ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly