ဧရာဝတီတိုင်းအတွင်း ခရီးသွားလုပ်ငန်းများ ဖော်ထုတ်နိုင်ရန် ပြင်ဆင်နေ

13 October 2019
ဧရာဝတီတိုင်းအတွင်း ခရီးသွားလုပ်ငန်းများ ဖော်ထုတ်နိုင်ရန် ပြင်ဆင်နေ

ဧရာဝတီတိုင်းဒေသကြီးတွင် ကမ်းခြေဒေသများ သာမက ကုန်းတွင်းပိုင်းဒေသများကိုပါ ခရီးသွားလုပ်ငန်းများ ဖော်ထုတ်အကောင်အထည်ဖော်ရန်ဆောင်ရွက်နေကြောင်း ဟိုတယ်နှင့်ခရီးသွားညွန်ကြားမှုဦးစီးဌာနကမှ ညွန်ကြ ားရေးမှူး ဦးဇော်လင်းထွန်း ကပြောသည်။ “ဒေသဆိုင်ရာခရီးလုပ်ငန်းကော်မတီနဲ့ပေါင်းစပ်ပြီးတော့ ခရီးစဉ်ဒေသအသစ်တွေကို ဖော်ထုတ်ဖို့ရှိပါတယ်။ အဓိကရည်မှန်းထားတာတော့ ရွှေသောင်ယံကမ်းခြေ၊ဂေါ်ရင်ဂျီကျွန်းပေါ့။ ရွှေသောင်ယံမှာတော့ ကျွန်တော် တို့က ကမ်းခြေအလျားလည်းရှည်တယ်။ သဲသောင်ပြင်လည်းလှတယ်။ ရေတွေလည်း သန့်ရှင်းကြည့်လင်မှု ရှိတယ်။ ပျက်စီးမှုမရှိသေးပါဘူး။ လက်ရှိမှာလည်း ဟိုတယ်နှစ်လုံးဘဲရှိပါသေးတယ်။ ချောင်းသာနဲ့ ရွှေသောင် ယံ ကူးတဲ့တံတားကိုတည်ဆောက်ပြီးဖြစ်လို့ ဖွံဖြိုးဖို့အလာအလားကောင်းပါတယ်။ ဖော်ထုတ်ပေးဖို့အတွက် စနစ်တကျလုပ်ဆောင်နေပါတယ်”ဟု ဟိုတယ်နှင့်ခရီးသွားညွန်ကြားမှုဦးစီးဌာနက ညွန်ကြားရေးမှူး ဦးဇော်လင်းထွန်း ကပြောသည်။

ရိုက်ကူး- စည်သူမောင်မောင်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required