မြန်မာနိုင်ငံက ရှားပါးသစ်ခွတွေကို တရားမဝင်စုဆောင်းပြီး ပြည်ပမှာ မျိုးသစ်ဖောက်တာ မျိုးတွေရှိတယ်လို့ ပန်းဝါသနာရှင်အသင်း ဥက္ကဋ္ဌ ဒေါက်တာစောလွင်က ပြောပါတယ်။ မြန်မာနိုင်ငံက သစ်ခွမျိုးတွေကို တခြားနိုင်ငံတွေက မျိုးသစ်ဖောက်တာဟာ မြန်မာနိုင်ငံမှာ ပန်းမျိုးပြန့်ပွားအောင်လုပ်နိုင်တဲ့ ပညာရှင်နည်းတာကြောင့်ဖြစ်တယ်လို့ ပန်းဝါသနာရှင်အသင်းက သင်တန်းဆရာမတစ်ဦးဖြစ်တဲ့ ဒေါ်မိုးမိုးသာကလည်း ပြောပါတယ်။ ရိုက်ကူးတင်ဆက်-လဘ်ရတနာဗိုလ်