Lithium-ion ဘထ္ထရီ တီထွင်သူ သိပ္ပံပညာရှင် ၃ ဦး ဓာတုဗေဒ နိုဘယ်လ်ဆု ရရှိ

Lithium-ion ဘထ္ထရီ တီထွင်သူ သိပ္ပံပညာရှင် ၃ ဦး ဓာတုဗေဒ နိုဘယ်လ်ဆု ရရှိ

အောက်တိုဘာ ၁၀။         ။ Lithium-ion ဘထ္ထရီ တီထွင်မှုအတွက် သုတေသီ သုံးဦးကို အောက်တိုဘာ ၉ ရက်မှာ ၂၀၁၉ ခုနှစ် ဓာတုဗေဒဆိုင်ရာ နိုဘယ်လ်ဆုကို ချီးမြှင့်လိုက်ကြောင်း သိရပါတယ်။

၎င်း ပညာရှင် သုံးဦးရဲ့ တီထွင်မှုကြောင့် စမတ်ဖုန်းတွေ နဲ့ ရုပ်ကြွင်းလောင်စာ ကင်းစင်သော လူ့အသိုင်းအဝိုင်းတစ်ခုအတွက် လမ်းခင်းပေးနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

Lithium-ion ဘထ္ထရီ တီထွင်မှုအတွက် အမေရိကန် သုတေသီ John Goodenough ၊ ဗြိတိန် ပညာရှင် Stanley Whittingham နဲ့ ဂျပန် သုတေသီ Akira Yoshino တို့ သုံးဦးက ယခု နိုဘယ်လ်ဆုကို ရရှိသွားခဲ့ကြခြင်း ဖြစ်သည်။

ဓာတုဗေဒ နိုဘယ်လ်ဆုအတွက် ဆုကြေးငွေ ဒေါ်လာ ၉၁၄,၀၀၀ ကို အထက်ပါ ပညာရှင် သုံးဦး အညီအမျှ ခွဲဝေယူကြရမည်ဖြစ်ကြေင်း ဆွီဒင် သိပ္ပံ တော်ဝင် အကယ်ဒမီက ပြောသည်။

အသက် ၉၇ နှစ်အရွယ် အမေရိကန် သုတေသီ John Goodenough ကတော့ နိုဘယ်လ်ဆုကို ရရှိတဲ့ အသက်အကြီးဆုံး ပုဂ္ဂိုလ်လည်း ဖြစ်လာခဲ့ပါတယ်။

Mizzima Key Campaign မှာ ပါဝင်ဖို့ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly