ပေါ်တူဂီရွေးကောက်ပွဲ လက်ရှိဝန်ကြီးချုပ် အန်တိုနီယို ကော်စတာရဲ့ ဆိုရှယ်လစ်ပါတီ အနိုင်ရ

ပေါ်တူဂီရွေးကောက်ပွဲ လက်ရှိဝန်ကြီးချုပ် အန်တိုနီယို ကော်စတာရဲ့ ဆိုရှယ်လစ်ပါတီ အနိုင်ရ

အောက်တိုဘာ ၇ ။           ။ အောက်တိုဘာ ၆ ရက်က ကျင်းပခဲ့တဲ့ ပေါ်တူဂီ ရွေးကောက်ပွဲမှာတော့ လက်ရှိဝန်ကြီးချုပ် အန်တိုနီယို ကော်စတာရဲ့ ဆိုရှယ်လစ် ပါတီကပဲ ပြန်လည် အနိုင်ရရှိခဲ့ပါတယ်။

ဒါပေမယ့်လည်း ယင်းပါတီအနေနဲ့ ပါလီမန်ထဲမှာ အမတ်နေရာ အများစုတော့ မရခဲ့ဘူးလို့ သိရပါတယ်။

ဆန္ဒမဲ ရေတွက်မှုတွေမှာတော့ ဝန်ကြီးချုပ် ကော်စတာရဲ့ ဆိုရှယ်လစ်ပါတီက ၃၆ ဒသမ ၆၅ ရာခိုင်နှုန်း ရရှိခဲ့ပြီး အနီးကပ်ပြိုင်ဘက် လယ်ယာယိမ်း ဆိုရှယ် ဒီမိုကရက်တစ်ပါတီကတော့ ၂၇ ဒသမ ၉ ရာခိုင်နှုန်း ရရှိထားခဲ့တယ်လို့ သိရပါတယ်။

ယင်းအတွက်ကြောင့် ယင်းနိုင်ငံမှာ လေးနှစ်ကြာအုပ်ချုပ်နေခဲ့တဲ့ ဆိုရှယ်လစ် ပါတီအနေနဲ့ ပါလီမန်အမတ်နေရာ ၂၃၀ မှာ ၁၀၆ နေရာအထိ အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။

ဆိုရှယ်လစ် ပါတီ အစိုးရအနေနဲ့ကတော့ နိုင်ငံမှာ ခြိးခြံချွေတာရေး လမ်းစဉ်ကို ကျင့်သုံးခဲ့ပြီး စီးပွားရေး အားကောင်းအောင် လုပ်ဆောင်ပေးထားနိုင်ခဲ့ပါတယ်။

ယခု မဲရလဒ်အတွက် ဝမ်းမြောက်ကြောင်း၊ မဲဆန္ဒရှင်တွေအနေနဲ့ ဆန္ဒအမှန်ကို ထုတ်ဖော်ခဲ့ခြင်းဖြစ်ကြောင်း ဝန်ကြီးချုပ် ကော်စတာက ပြောသွားပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly