လီဗာပူးလ်အသင်းကွင်းလယ်လူ ဝီနယ်လ်ဒမ်က ရှက်ဖီးလ်ယူနိုက်တက်နဲ့ပွဲမှာ ခက်ခက်ခဲခဲ အနိုင်သုံးမှတ်ရယူနိုင်ခဲ့တာဟာ အရေးကြီးဆုံးအရာဖြစ်တယ်လို့ ဆိုခဲ့ပြီး လွန်ခဲ့တဲ့ နှစ်အနည်းငယ်ကဆိုရင် အခုလိုပွဲမျိုးတွေမှာ အနိုင်ရဖို့ ရုန်းကန်နေရခဲ့တယ်လို့ ဝန်ခံခဲ့ပါတယ်။
လီဗာပူးလ်အသင်းဟာ ယခုရာသီမှာ အကောင်းဆုံးပုံစံနဲ့ တာထွက်နေပေမယ့် ရှက်ဖီးလ်အိမ်ကွင်းမှာတော့ ပုံစံကောင်းပျောက်ဆုံးခဲ့ပြီး ဝီနယ်လ်ဒမ်ရဲ့ မိနစ် (၇၀)မှာ volley ကန်ချက် အနိုင်ဂိုးကလည်း ဂိုးသမား ဒင်းဟန်ဒါဆန်ရဲ့အမှားကနေ ရရှိခဲ့တာပါ။
သတင်းအပြည့်အစုံ - http://www.mizzimaburmese.com/article/60943
တင်ဆက် - ဆက်ဝေယံနိုင်