ကက်ရှ်မီးယားအရေးကြောင့် အိန္ဒိယနဲ့ နျူကလီးယား စစ်ဖြစ်နိုင်တယ်လို့ ပါကစ္စတန် ဝန်ကြီးချုပ် သတိပေး

By AFP
28 September 2019
ကက်ရှ်မီးယားအရေးကြောင့် အိန္ဒိယနဲ့ နျူကလီးယား စစ်ဖြစ်နိုင်တယ်လို့ ပါကစ္စတန် ဝန်ကြီးချုပ် သတိပေး

ကုလသမဂ္ဂ၊ စက်တင်ဘာ ၂၈ ။          ။ ပါကစ္စတန်နိုင်ငံရဲ့ ကက်ရှ်မီးယားအရေးနဲ့ ပတ်သက်ပြီး အိန္ဒိယနိုင်ငံရဲ့ အငြင်းပွားမှုဟာ နျူကလီးယားစစ်ပွဲဖြစ်တဲ့အထိ တင်းမာမှု အရှိန်မြင့်လာနိုင်တယ်လို့ ပါကစ္စတန် ဝန်ကြီးချုပ်က ကုလသမဂ္ဂမှာ သောကြာနေ့က သတိပေးပြောဆိုပါတယ်။

နှစ်နိုင်ငံကြားက အငြင်းပွားမှုဟာ နျူကလီးယားစစ်ပွဲ ပေါ်ပေါက်လာစေပြီး ကမ္ဘာအတွက် နောက်ဆက်တွဲ အကျိုးဆက်တွေ ဖြစ်ပေါ်လာလိမ့်မယ်လို့ ဝန်ကြီးချုပ် အမ်မရန်ခန်းက သတိပေးတာ ဖြစ်ပါတယ်။

ကုလသမဂ္ဂစင်မြင့်မှာ ဒေါသသံစွက်ပြီး မိနစ် ၅၀ ကြာ မိန့်ခွန်းပြောဆိုရာမှာ အမ်မရန်ခန်းက “မွတ်စလင် အများစု နယ်မြေမှာ အိန္ဒိယအနေနဲ့ သွေးချောင်းစီးသွားလိမ့်မှာဖြစ်တယ်”လို့လည်း သတိပေးပြောဆိုပါတယ်။

ကျင်းပနေတဲ့ ကုလသမဂ္ဂ အထွေထွေညီလာခံမှာ ခုလို အမ်မရန်ခန်းက မိန့်ခွန်းမပြောဆိုခင် တစ်နာရီခန့်မှာ အိန္ဒိယဝန်ကြီးချုပ် နာရန္ဒြာမိုဒီက မိန့်ခွန်းပြောဆိုထားတာ ဖြစ်ပါတယ်။

အဲဒီလို မိန့်ခွန်းပြောဆိုရာမှာ မိုဒီဟာ အိန္ဒိယနိုင်ငံအတွင်း အောင်မြင်မှုတွေကို ထုတ်ဖော်ပြောဆိုသလို ပါကစ္စတန်နိုင်ငံကို အကြမ်းဖက်နိုင်ငံမျိုး စောင်းပါးရိပ်ခြည် ပြောဆိုသွားခဲ့ပါတယ်။

အစောပိုင်းက အိန္ဒိယဟာ ၎င်းထိန်းချုပ်ရာ ကက်ရှ်မီးယားဒေသကို ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရုပ်သိမ်းပြီး အိန္ဒိယနိုင်ငံအောက် ဆွဲထည့်ခဲ့ရာကနေ နျူကလီးယား လက်နက်ပိုင် ရန်ဖက်နိုင်ငံတွေဖြစ်တဲ့ အိန္ဒိယနဲ့ ပါကစ္စတန်ကြားမှာ တင်းမာမှု အရှိန်မြင့်တက်နေတာပဲ ဖြစ်ပါတယ်။
 

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly