အင်ဒိုနီးရှား ပါပူဝါပြည်နယ်မှာ မငြိမ်သက်မှုတွေကြောင့် ဒေသခံထောင်ပေါင်းများစွာ ရွှေ့ပြောင်း

By AFP
28 September 2019
အင်ဒိုနီးရှား ပါပူဝါပြည်နယ်မှာ မငြိမ်သက်မှုတွေကြောင့် ဒေသခံထောင်ပေါင်းများစွာ ရွှေ့ပြောင်း
This picture taken on September 24, 2019 shows fleeing residents gathering at a field in Wamena, Papua province, as riots broke out in the restive region. - At least 32 people were killed and dozens injured in riots that paralysed Indonesia's restive Papua region, police said September 25, after one of the deadliest eruptions of violence in years. (Photo by VINA RUMBEWAS / AFP)

ဂျကာတာ၊ စက်တင်ဘာ ၂၈ ။         ။ အင်ဒိုနီးရှားနိုင်ငံ ပါပူဝါပြည်နယ်မှာ နှစ်များစွာအတွင်း အသေအပျောက် များပြားတဲ့ ဆူပူအကြမ်းဖက်မှုတွေ ဖြစ်ပွားပြီး မြို့ရွာ မငြိမ်သက်မှုတွေ ဖြစ်ပွားနေပါတယ်။

သောကြာနေ့မှာဆိုရင် ဒေသခံထောင်ပေါင်းများစွာ နေရပ်စွန့်ခွာထွက်ပြေးကြဖို့ စစ်တပ်လေယာဉ်တွေပေါ် အလုအယက် တိုးဝှေ့တက်ကြပြီး ရွှေ့ပြောင်းထွက်ခွာကြပါတယ်။

ပါပူဝါတိုင်းရင်းမျိုးနွယ်တွေအပေါ် လူမျိုးရေးခွဲခြားဖိနှပ်မှုတွေကြောင့် စိတ်ဆိုးဒေါသထွက်ကြပြီး ဆန္ဒပြမှုတွေ သီတင်းပတ်အတော်ကြာ ဖြစ်ပွားပေါ်ပေါက်နေခဲ့တာပါ။

ဆန္ဒပြမှုတွေဟာ ဆူပူအကြမ်းဖက်မှုအသွင် ကူးပြောင်းဖြစ်ပွားတာတွေလည်း ရှိနေပြီး ပါပူဝါပြည်နယ် ကိုယ်ပိုင်အုပ်ချုပ်ရေး တောင်းဆိုတဲ့အထိ ဖြစ်လာခဲ့ပါတယ်။

၀ါမီနာမြို့မှာ လူပေါင်း နှစ်ဒါဇင်ကျော် သတ်ဖြတ်ခံရအပြီးမှာ ခု သီတင်းပတ်အတွင်း ဆူပူအကြမ်းဖပ်မှုတွေ ထပ်မံဖြစ်ပွားပေါ်ပေါက်လာခဲ့ပါတယ်။

အဓိကရုဏ်း မငြိမ်းသက်မှုတွေမှာ ဓားထိုးခံရပြီး သေဆုံးသူတွေ ရှိသလို အဆောက်အအုံတွေ မီးရှို့ခံရရာမှာ မီးလောင်သေဆုံးသူတွေ ရှိကြောင်း အာဏာပိုင်တွေက ပြောပါတယ်။

နိုင်ငံရဲ့ အခြားနယ်မြေတွေကနေ ပါပူဝါပြည်နယ်တွင်း လာရောက်အခြေစိုက်နေထိုင်သူ ၀ါမီနာမြို့ခံ ၇၀၀ ခန့်ကို ပါပူဝါပြည်နယ်ကနေ အခြားနေရာဆီ ရွှေ့ပြောင်းပေးထားရကြောင်း စစ်တပ်က ပြောပါတယ်။

ပါပူဝါ တိုင်းရင်းမျိုးနွယ် မဟုတ်သူတွေအနေနဲ့ ခုလို မတည်မငြိမ်မှုတွေကနေ ထွက်ပြေးကြရာမှာ ဒေသလေဆိပ်မှာ လူပေါင်း ၁၅၀၀ ကျော်ထက်မက သောကြာနေ့က ရောက်ရှိနေခဲ့ပါတယ်။

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/
    

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly