အင်ဒိုနီးရှားမှာ သဘောထားကွဲလွဲတဲ့ တရားရေးပြုပြင်ပြောင်းမှုကို နိုင်ငံတစ်ဝန်း ဆန္ဒပြရာ ကျောင်းသားနှစ်ဦး သေဆုံး

By AFP
27 September 2019
အင်ဒိုနီးရှားမှာ သဘောထားကွဲလွဲတဲ့ တရားရေးပြုပြင်ပြောင်းမှုကို နိုင်ငံတစ်ဝန်း ဆန္ဒပြရာ ကျောင်းသားနှစ်ဦး သေဆုံး

ဂျကာတာ၊ စက်တင်ဘာ ၂၇ ။          ။ အင်ဒိုနီးရှားနိုင်ငံမှာ သဘောထားကွဲလွဲတဲ့ တရားရေးပြုပြင်ပြောင်းလဲမှုတွေနဲ့ ပတ်သက်ပြီး နိုင်ငံအနှံ့ ဆန္ဒပြမှုတွေဖြစ်ပွားရာမှာ သောကြာနေ့မှာ အပြင်းအထန် ဒဏ်ရာရရာက ကျောင်းသားတစ်ဦး ဒုတိယမြောက်အဖြစ် သေဆုံးပါတယ်။

အိမ်ထောင်မပြုခင် လက်ထပ်ခြင်းကို တားမြစ်တာနဲ့ အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေး အေဂျင်စီတွေကို အားနည်းသွားစေမယ့် တရားရေးပြုပြင်ပြောင်းလဲမှုတွေအပေါ် ဆန္ဒပြကြရာမှာ ဆူပူအကြမ်းဖက်မှုတွေပါ ဖြစ်ပွားပြီး ဆူလာဝေစီကျွန်းက ကန်ဒါရီမြို့မှာ အသက် ၁၉ နှစ်အရွယ် အင်ဂျင်နီယာကျောင်းသား ခေါင်းမှာ ဒဏ်ရာပြင်းစွာ ရပြီး သေဆုံးတာဖြစ်တယ်လို့ ဒေသဆေးရုံအုပ်က ပြောပါတယ်။

အဲဒီ ကျောင်းသား သေဆုံးမှုနဲ့ ပတ်သက်တဲ့ နောက်ဆက်တွဲ ဖြစ်ရပ်တွေကို သေချာရှင်းလင်းစွာ မသိရသေးပါ။

ပြီးခဲ့တဲ့ သောကြာနေ့မှာလည်း ပထမဆုံး ကျောင်းသား သေဆုံးမှုအဖြစ် ကန်ဒါရီမြို့မှာပဲ ကျောင်းသားတစ်ဦး ကျည်ဆန်အစစ်နဲ့ ပစ်ခတ်ခံရလို့ သေဆုံးပါတယ်။

တာဝန်ရှိသူတွေက ဆူပူဆန္ဒပြမှုတွေကို ကိုင်တွယ်ရာမှာ ကျည်အစစ် သုံးခြင်း မရှိဘူးလို့ အတိအလင်း ပြောထားတဲ့ကြားက ခုလို ကျည်စစ်ထိမှန်လို့ သေဆုံးမှု ဖြစ်လာတာပါ။

အဆိုပါ ကျောင်သားတွေ သေဆုံးမှုနဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးဖို့ အမိန့်ထုတ်ထားကြောင်း သမ္မတ ဂျိုကိုဝီဒိုဒိုက ပြောပါတယ်။ သမ္မတ ဝီဒိုဒိုအနေနဲ့ ဒုတိယ သက်တမ်း မစတင်ခင် သီတင်းပတ်အနည်းငယ်အလိုမှာပဲ ခုလို ဖြစ်ရပ်တွေကို ရင်ဆိုင်ကြုံတွေ့နေရတာ ဖြစ်ပါတယ်။

အိမ်ထောင်မပြုခင် လိင်ဆက်တာနဲ့ သန္ဓေတားဆေး ရောင်းချတာတွေကို ရာဇဝတ်မှုအဖြစ် ပြဌာန်းတာတွေ အပါအဝင် ဒါဇင်များစွာသော တရားရေးပြုပြင်ပြောင်းလဲမှုတွေ ပြဌာန်းထားတဲ့ ဥပဒေကြမ်းကို အတည်ပြုဖို့ လုပ်ဆောင်လာရာကနေ ဆန့်ကျင်ဆန္ဒပြမှုတွေ ဖြစ်ပွားပြီး မတည်မငြိမ် ဖြစ်ပေါ်နေတာပဲ ဖြစ်ပါတယ်။

အဆိုပါ တရားရေးပြုပြင်ပြောင်းလဲမှုတွေကိုတော့ ဆိုင်းငံ့ထားရကြောင်း သိရပါတယ်။

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly