ဖမ်းဆီးထားသည့် ဗြိတိန် ရေနံတင်သင်္ဘောကို ပြန်လွှတ်ပေးပြီဟု အီရန် ပြောကြား

By AFP
27 September 2019
ဖမ်းဆီးထားသည့် ဗြိတိန် ရေနံတင်သင်္ဘောကို ပြန်လွှတ်ပေးပြီဟု အီရန် ပြောကြား

စက်တင်ဘာ ၂၇ ။        ။ ထိန်းသိမ်းခံထားခဲ့ရသည့် ဗြိတိန် အလံတင် ရေနံသင်္ဘော Stena Impero သည် ယခုအခါ အီရန် ဆိပ်ကမ်းကနေ ထွက်ခွာသွားပြီဖြစ်ကြောင်း  အီရန် အာဏာပိုင်တို့က ပြောပါတယ်။

အဆိုပါ ဗြိတိန် ရေနံတင်သင်္ဘောသည် အီရန်နိုင်ငံ ဘန်ဒါ အာဘက်စ် ဆိပ်ကမ်းတွင် နှစ်လကျော်ကြာ ဖမ်းဆီးခံခဲ့ရပြီးနောက် ပါရှန်း ပင်လယ်ကွေ့ နိုင်ငံတကာ ရေပိုင်နက်ဆီ ဦးတည်ခုတ်မောင်းသွားပြီ ဖြစ်ကြောင်း သိရပါတယ်။

ယင်းသည် အီးယူ ဆန်ရှင် ချိုးဖောက်မှု သံသယဖြင့် အီရန် ရေနံတင် သင်္ဘောတစ်စင်းကို ဗြိတိန် ပိုင် ဂျီဘရော်တာက ထိန်းသိမ်းခဲ့မှုကို ပြန်လည် လက်တုန့်ပြန်တဲ့အနေနဲ့ အဆိုပါ ဗြိတိန်သင်္ဘော Stena Impero ကို အီရန်တို့ ပြန်လည် ထိန်းသိမ်းထားခဲ့ခြင်းဟု ယုံကြည်ခဲ့ရပါတယ်။

“Stena Impero ဟာ ဒီနေ့ မနက် ၉ နာရီမှာပဲ ပါရှန်း ပင်လယ်ကွေ့ နိုင်ငံတကာ ရေပိုင်နက်ဆီ ဦးတည်သွားပြီဖြစ်ပါတယ်” လို့ Hormozgan ပြည်နယ် ပင်လယ်ရေကြောင်း အဖွဲ့က ထုတ်ပြန်ပါတယ်။

“ ဒီ သင်္ဘောကို ခုလို လွှတ်ပေးလိုက်တယ်ဆိုပေမယ့် ဒီ သင်္ဘောနဲ့့ ပတ်သက်တဲ့ အမှုကိစ္စကတော့ အီရန်တရားရုံးတွေမှာ ဆက်ရှိနေဦးမှာဖြစ်ပါတယ်” လို့ ယင်းက ထုတ်ပြန်ပါတယ်။

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly