သီရိလင်္ကာက အရပ်အရှည်ဆုံး ဆင်ကြီးအတွက် ကိုယ်ပိုင် လက်နက်ကိုင် အစောင့်အရှောက် ထားပေး

By AFP
27 September 2019
သီရိလင်္ကာက အရပ်အရှည်ဆုံး ဆင်ကြီးအတွက် ကိုယ်ပိုင် လက်နက်ကိုင် အစောင့်အရှောက် ထားပေး

စက်တင်ဘာ ၂၇ ။          ။ အသက် (၆၅) နှစ်အရွယ် Nadungamuwa Raja ကတော့ အရပ်အမြင့် ၁၀ ပေ ခွဲ ( ၃ ဒသမ ၂ မီတာ) ခန့်ရှိပြီး သီရိလင်္ကာနိုင်ငံမှာ အရပ်အရှည်ဆုံးသော ဆင်ယဉ်ကြီး ဖြစ်ပါတယ်။

ယခုအခါမှာတော့ ရှည်လျားတဲ့ အစွယ်ကြီးတွေ ရှိနေတဲ့ ယင်းဆင်ကြီးမှာ ကိုယ်ပိုင် လက်နက်ကိုင် အစောင့်အကြပ်တွေ ရှိနေပြီဖြစ်ပါတယ်။

အဆိုပါ ဆင်ကြီး Raja ရဲ့ လုံခြုံရေးအတွက် လက်နက်ကိုင် အစောင့် တပ်ဖွဲ့တစ်ခု အစိုးရက ချထားပေးခဲ့တာဖြစ်ကြောင်း  ယင်ဆင်ကြီးရဲ့ ပိုင်ရှင်က ပြောပါတယ်။

ယင်းအတွက်ကြောင့် ဘုရားကျောင်း အခမ်းအနားတွေ တက်ဖို့အတွက် နိုင်ငံရဲ့ လမ်းမတွေပေါ်မှာ ယင်း ဆင်ကြီးအနေနဲ့ လက်နက်ကိုင် အစောင့်အကြပ်များ ခြံရံလျက် အေးအေးလူလူ လမ်းလျှောက်သွားလာနိုင်ပြီ ဖြစ်ပါတယ်။

“ ပြီးခဲ့တဲ့ ၂၀၁၅ စက်တင်ဘာလတုန်းကဆိုရင် မော်တော်ဆိုင်ကယ်သမားတစ်ယောက်က ရာဂျာကို တိုက်မိလုနီးနီး ဖြစ်ခဲ့ပါတယ်၊ အဲဒီမှာ စီစီတီဗီ ကြည့်ပြီး အစိုးရက ကျွန်တော့်ဆီ ဆက်သွယ်လာခဲ့ပါတယ်၊ အဲဒီနောက်ပိုင်း သူ လမ်းတွေပေါ် သွားလာချိန်မှာ အကာအကွယ်ပေးမယ်လို့ ကမ်းလှမ်းခဲ့ပါတယ်” လို့ ဆင်ကြီးရဲ့ ပိုင်ရှင်ဖြစ်တဲ့ ဟာရှာ ဒါမာဗီဂျာယာက ပြောသွားပါတယ်။

ယခုအခါ ဆင်ကြီး ရာဂျာအတွက် ပုံမှန် ဆင်ထိန်းနှစ်ဦးအပြင် လုံခြုံရေးယူ လမ်းရှင်း စောင့်ကြပ်ပေးမယ့် လက်နက်ကိုင် စစ်တပ် အဖွဲ့တစ်ခုလည်း အနားမှာ ရှိနေတော့မှာ ဖြစ်ပါတယ်။

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly