ဆီရာလီယွန်မှာ အဆောက်အအုံ ပြိုကျ၍ အလုပ်သမားများ ပိတ်မိနေ၊ သေဆုံးသူ များနိုင်

By AFP
27 September 2019
ဆီရာလီယွန်မှာ အဆောက်အအုံ ပြိုကျ၍ အလုပ်သမားများ ပိတ်မိနေ၊ သေဆုံးသူ များနိုင်

ဖရီးတောင်း၊ စက်တင်ဘာ ၂၇ ။          ။ ဆီရာလီယွန်နိုင်ငံ တောင်ပိုင်းက မြို့တစ်မြို့မှာ အလုပ်သမားတွေ အလုပ်လုပ်နေတဲ့အချိန်မှာ အဆောက်အအုံ ပြိုကျမှုဖြစ်တာကြောင့် ကယ်ဆယ်ရေးအဖွဲ့တွေဟာ ပိတ်မိနေတဲ့ အလုပ်သမားတွေဆီ ရောက်ရှိကယ်ဆယ်နိုင်အောင် အသည်းအသန် ကြိုးစားနေရတယ်လို့ ကယ်ဆယ်ရေးဌာနက ပြောပါတယ်။

အဲဒီ အဆောက်အအုံ ပြိုကျမှုမှာ လူ တစ်ဒါဇင်ကျော် ဒဏ်ရာရတယ်လို့ ဌာနေဆေးရုံတစ်ရုံက ကနဦး ထုတ်ပြန်ပေမယ့် နောက်ဆုံး ထုတ်ပြန်တဲ့အခါ  သေဆုံးဒဏ်ရာရသူစာရင်းဟာ ဒီထက်များစွာ မြင့်တက်လာနိုင်ခြေ ရှိနေပါတယ်။

နိုင်ငံရဲ့ မြို့တော် ဖရီးတောင်းကနေ ၁၅၅ မိုင်အကွာမှာ ရှိတဲ့ ဒုတိယအကြီးဆုံးမြို့ဖြစ်တဲ့ ဘိုမြို့မှာ သုံးထပ်အဆောက်အအုံ ဗုဒ္ဓဟူးနေ့က ပြိုကျတာဖြစ်ပြီး ကြာသပတေးနေ့အထိ ပိတ်မိနေတဲ့ အလုပ်သမားတွေဆီ မရောက်နိုင်သေးဘဲ ရှိနေပါတယ်။

ပြိုကျမှုဖြစ်ချိန်မှာ အဲဒီ အဆောက်အအုံမှာ လူ ၈၀ ကျော် အလုပ်လုပ်နေတာဖြစ်ပါတယ်။ အဆောက်အအုံ အပျက်အစီးတွေအောက် ပိတ်မိနေနိုင်သူ ဘယ်လောက်အထိ ရှိမယ်ဆိုတာ မသိရသေးကြောင်း သဘာဝဘေးစီမံခန့်ခွဲမှုဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

“ဒဏ်ရာရသူ တစ်ဒါဇင်ကျော် ရှိတယ်ဆိုတဲ့ သတင်းတော့ ကျွန်တော်တို့ ကနဦး ရထားပါတယ်။”လို့ ဘိုအစိုးရဆေးရုံမှ ဒေါက်တာ ပီတာဆာမိုင်းက ပြောပါတယ်။

အနောက်အာဖရိက ဆီရာလီယွန်နိုင်ငံဟာ ကမ္ဘာပေါ်မှာ အဆင်းရဲဆုံး နိုင်ငံတွေထဲက တစ်နိုင်ငံဖြစ်ပြီး ၂၀၁၈ ကုလသမဂ္ဂ လူသားရင်းမြစ်ဖွံ့ဖြိုးရေးညွှန်းကိန်းအရ နိုင်ငံ ၁၈၉ နိုင်ငံမှာ ၁၈၄ အဆင့်မှာ ရှိနေတာပဲ ဖြစ်ပါတယ်။
 

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly