ပြင်သစ် သမ္မတဟောင်း ယက်ရှီရက် ကွယ်လွန်

By AFP
27 September 2019
ပြင်သစ် သမ္မတဟောင်း ယက်ရှီရက် ကွယ်လွန်

စက်တင်ဘာ ၂၇ ။              ။ ပြင်သစ်နိုင်ငံ၏ အထင်ကရ ခေါင်းဆောင်တစ်ဦးဖြစ်ခဲ့ပြီး နောက်ပိုင်းနှစ်တွေမှာ အဂတိလိုက်စားမှုဖြင့် စွပ်စွဲခံခဲ့ရသည့် ပြင်သစ် သမ္မတဟောင်း ယက်ရှီရက်သည် အသက် ၈၆ နှစ်အရွယ်တွင် ကွယ်လွန်သွားခဲ့ပြီ ဖြစ်သည်။

သမ္မတဟောင်း ယက်ရှီရက်သည် စက်တင်ဘာ ၂၆ ရက် မနက်ပိုင်းက ငြိမ်းချမ်းစွာ သေဆုံးသွားခဲ့ခြင်း ဖြစ်ကြောင်း ၎င်း၏ မိသားစုက ထုတ်ပြန်သည်။

ယက်ရှီးရက်သည် ပြင်သစ် သမ္မတအဖြစ် သက်တမ်းနှစ်ကြိမ်၊ ဝန်ကြီးချုပ်အဖြစ် နှစ်ကြိမ် တာဝန်ထမ်းခဲ့သူလည်း ဖြစ်သည်။

ဗဟိုလက်ယာယိမ်း တစ်ဦးဖြစ်ခဲ့သည့် ယက်ရှီရက်သည် ပါးနပ်ကျွမ်းကျင်မှု ရှိသော နိုင်ငံရေးသမားတစ်ဦးအဖြစ် ၎င်း၏ အတိုက်အခံများကပင် အသိအမှတ်ပြုချီးကျူးခဲ့ကြရသည်။

၎င်းသည် ပါရီ မြို့တော်ဝန် ဖြစ်ပြီးနောက် ထင်ရှားလာခဲ့ပြီးနောက် ဝန်ကြီးချုပ် ဖြစ်လာကာ ယင်းနောက် နိုင်ငံ အကြီးအမှူး သမ္မတအဖြစ် ၁၉၉၅ မှ ၂၀၀၇ အထိ ထမ်းဆောင်ခဲ့သည်။

၎င်း၏ ထင်ပေါ်သည့် ဂုဏ်သတင်းနှင့်ပတ်သက်၍ အတိုက်အခံဟောင်းများနှင့် ထောက်ခံသူများက ချီးကျူးခဲ့ကြသည်။ ဂျာမနီ ဝန်ကြီးချုပ် အိန်ဂျလာ မာကဲလ်၊ ရုရှားသမ္မတ ဗလာဒီမာ ပူတင် တို့အပါအဝင် ကမ္ဘာ့ ခေါင်းဆောင်များကလည်း ၎င်း၏ တာဝန်ထမ်းဆောင်ခဲ့မှုအပေါ် ချီးကျူးထောပနာပြုခဲ့ကြသည်။

တနင်္လာနေ့ကို တစ်နိုင်ငံလုံး ဝမ်းနည်းခြင်း အထိမ်းအမှတ်အဖြစ် သတ်မှတ်ကြောင်း ပြင်သစ် သမ္မတ အီမန်နျူရယ် မက်ခရွန်က ကြေညာသွားခဲ့သည်။

ဒါ့အပြင် ယက်ရှီရက် ကွယ်လွန်သွားမှုအတွက် ဝမ်းနည်းခြင်းအထိမ်းအမှတ်အဖြစ် စက်တင်ဘာ ၂၆ ရက်တွင်လည်း အီဖယ်လ် တာဝါကိုလည်း အမှောင်ချသွားခဲ့သည်။

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/
    

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly