ပြင်သစ် မြောက်ပိုင်း ဓာတုစက်ရုံတစ်ခုမှာ မီးအကြီးအကျယ် လောင်ကျွမ်း

By AFP
26 September 2019
ပြင်သစ် မြောက်ပိုင်း ဓာတုစက်ရုံတစ်ခုမှာ မီးအကြီးအကျယ် လောင်ကျွမ်း

စက်တင်ဘာ ၂၆ ။         ။ ပြင်သစ်နိုင်ငံ မြောက်ပိုင်း Rouen မြို့က ဓာတုစက်ရုံတစ်ရုံမှာ စက်တင်ဘာ ၂၆ ရက်က မီးလောင်ကျွမ်းမှု ဖြစ်ပြီး မီးခိုးလုံးကြီးတွေ တလိပ်လိပ် ထွက်နေခဲ့့ပါတယ်။

အဆိုပါ စက်ရုံမီးလောင်မှုကြောင့် အနီးအနားနေ ဒေသခံတွေကို ဘေးလွတ်ရာမှာ နေထိုင်ကြဖို့၊ စာသင်ကျောင်းတွေ ပိတ်ထားဖို့ အာဏာပိုင်တွေက လိုက်လံနှိုးဆော်ခဲ့ရပါတယ်။

အဆိုပါ ဓာတုစက်ရုံ မီးလောင်မှုမှာတော့ မီးသတ်ယာဉ် အစီး ၆၀ နဲ့ မီးသတ်သမား နှစ်ရာကျော် ဝိုင်းဝန်းငြိမ်းသတ်နေလျက် ရှိပါတယ်။

ယင်း စက်ရုံကတော့ စက်မှုလုပ်ငန်းသုံး စက်ဆီ ချောဆီ အမျိုးမျိုး ထုတ်လုပ်တဲ့ လုပ်ငန်းရှင်တစ်ဦးက ပိုင်ဆိုင်တဲ့ စက်ရုံတစ်ရုံ ဖြစ်ပါတယ်။

“ ကျေးဇူးပြုပြီး တည်တည်ငြိမ်ငြိမ် နေကြပါတယ်၊ ပျာယာမခတ်ကြပါနဲ့၊ ခုချိန်မှာ အရမ်း ဂရုစိုက်ဖို့ လိုပါတယ်” ဆိုပြီး ပြည်ထဲရေး ဝန်ကြီး ခရစ်တိုဖီ ကက်စတာနာက ထုတ်ပြန်ပြောကြားထားပါတယ်။

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly