ကမ္ဘာ့ စံချိန်တင် အရှည်လျားဆုံး ရေလွှာလျှောကို မလေးရှား မှာ ဖွင့်လှစ်

By AFP
26 September 2019
ကမ္ဘာ့ စံချိန်တင် အရှည်လျားဆုံး ရေလွှာလျှောကို မလေးရှား မှာ ဖွင့်လှစ်

စက်တင်ဘာ ၂၆ ။         ။ ကမ္ဘာ့ အရှည်လျားဆုံးသော ရေလွှာလျှောတွေအနက်က တစ်ခုကို စက်တင်ဘာ ၂၅ ရက်က မလေးရှားနိုင်ငံ ပီနန်ပြည်နယ်မှာ ဖွင့်လှစ်ခဲ့ပါတယ်။

အရှည် တစ် ကီလိုမီတာ ရှိ အဆိုပါ ရေလွှာလျှော ကတော့ တောင်ထိပ်တစ်ခုကနေ စပြီး ယင်းနောက် တောအုပ်တွေထဲကနေ မြွေလိမ်မြွေကောက် သဖွယ် ပတ်လိမ် ဖြတ်သန်းပြီးနောက် ရေကန်ကြီးတစ်ခုထဲကို ဦးတည်ဆင်းသွားတာဖြစ်ပါတယ်။

ESCAPE ဥယျာဉ်ထဲမှာ ရှိတဲ့ အဝါနဲ့ အပြာ နှစ်ရောင်စပ် ရေလွှာလျှောကတော့ အရှည် ၁,၁၁၁ မီတာ (၃,၆၄၅ ပေ) ရှိတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ယင်းကိုလည်း ကမ္ဘာ့ အရှည်လျားဆုံး ရေလွှာလျှော အဖြစ် ဂင်းနစ် မှတ်တမ်း ဝင်သွားခဲ့တယ်လို့ သိရပါတယ်။

အဆိုပါ ရေလွှာလျှောကို စီးနင်းသူတွေအနေနဲ့ ရေလွှာလျှောအစကနေ ရေကန်အထိကို အချိန် လေးမိနစ်ကျော်အထိ စီးပြီးမှ ရောက်မှာဖြစ်ပါတယ်။

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly