ကမ္ဘာ့ စက်ဆုပ်ရွံရှာဖွယ် အကောင်းဆုံး အစားအစာများ ပြပွဲ ကျင်းပ

By AFP
26 September 2019
ကမ္ဘာ့ စက်ဆုပ်ရွံရှာဖွယ် အကောင်းဆုံး အစားအစာများ ပြပွဲ ကျင်းပ

စက်တင်ဘာ ၂၆ ။        ။ ကမ္ဘာပေါ်က အော်ဂလီဆန်စရာ အကောင်းဆုံး ဟင်းပွဲတွေကို စုစည်းပြသတဲ့ ထူးခြားတဲ့ ပြပွဲတစ်ခုကိုတော့ ပြင်သစ်နိုင်ငံ နန့်စ် မြို့မှာ ပြုလုပ်နေလျက်ရှိပါတယ်။

အဆိုပါ “အော်ဂလီဆန်စရာကောင်းတဲ့ အစားအသောက် ပြပွဲ” မှာတော့ နွားတွေရဲ့ ဝှေးစေ့ တွေကနေစလို့ ကြွက်တွေထည့်စိမ်ထားပြီး အနံ့အရသာဖောက်ထားတဲ့ ၀ိုင် တွေအထိ ကမ္ဘာပေါ်က ရွံရှာဖွယ် ကောင်းတဲ့ ဟင်းပွဲတစ်ချို့ကို တစ်စုတစ်ဝေးတည်း တွေ့ရမှာဖြစ်ပါတယ်။

ဒီလို ပြပွဲမျိုး ပြသမှုကိုတော့ ပြီးခဲ့တဲ့ တစ်နှစ်ကမှ ဆွီဒင်မှာ စတင်ဖန်တီးခဲ့တာဖြစ်တယ့်လို သိရပါတယ်။ ယင်းနောက် ယင်းပြပွဲကို လော့စ်အိန်ဂျလိစ်မှာလည်း ပြသခဲ့ပြီး ယခုအခါ နန့်စ် မြို့ကို ရောက်လာခဲ့တာဖြစ်ပါတယ်။

ယခု နန့်စ် မြို့ ပြပွဲကိုတော့ စက်တင်ဘာ ၂၅ ရက်ကနေ နိုဝင်ဘာ ၃ ရက်အထိ လေ့လာကြည့်ရှုလို့ရနိုင်မှာဖြစ်ပါတယ်။

ဒီ ပြပွဲကတော့ လူတွေရဲ့  ယဉ်ကျေးမှု ဆိုင်ရာနဲ့ အစားအစာ အာဟာရ ဆိုင်ရာ အလေ့အထတွေအကြား ချိတ်ဆက် ဆက်နွယ်နေမှုကို ထုတ်ဖော်ဖို့ ရည်ရွယ်တယ်လို့ သိရပါတယ်။

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly