ရွှေဝါရောင်တော်လှန်ရေး ၁၂နှစ်မြောက် အခမ်းအနား ကျင်းပ

ရွှေဝါရောင်တော်လှန်ရေး ၁၂နှစ်မြောက် အခမ်းအနား ကျင်းပ

မန္တလေး၊ စက်တင်ဘာ ၂၅ ။        ။ ၂ဝဝရရွှေဝါရောင်သံဃာ့လှုပ်ရှားမှု(၁၂)မြောက်အထိမ်းအမှတ်အခမ်းအနားကို စက်တင်ဘာလ၂၅ရက် နံနက် ၉ နာရီက မန္တလေးမြို ့၊အမရပူရမြို့နယ်၊ဗားကရာကျောင်းတိုက်အတွင်းရှိ လောကပါလကျောင်းတွင် ပြုလုပ်ခဲ့သည်။

"ရွှေဝါရောင်ကာလနဲ့အခုအနေအထားနှိုင်းယှဉ်ပြောရရင်ဦးဇင်းတို့က အရွေ့တစ်ခုရအောင် လုပ်ခဲ့ကြတယ်။ အခု ပြောခွင့်ဆိုခွင့်တွေရလာတယ်။ တချို့ပြောင်းလဲမှုလေးတွေရှိလာတယ်။ ဒါကိုကအရင်နဲ့မတူတဲ့ ပြောင်းလဲမှုလေး တွေပေါ့” ဟု ရွှေဝါရောင်သံဃာ့လှုပ်ရှားမှုတွင်ပါဝင်ခဲ့သည့် ဆရာတော်ဦးစိန္တိတ ကမိန့်သည်။

ဒီမိုကရေစီတစ်ဆစ်ချိုးပြောင်းလဲမှုတွင် ရွှေဝါရောင်တော်လှန်ရေးလည်း ပါဝင်ခဲ့ပြီး သံဃာတော်များ၏ သွေးမြေ ကျခဲ့ရသည့်နေ့ကို မျိုးဆက်သစ်လူငယ်များ အမှတ်ရစေရန်ရည်ရွယ်၍ ယနေ့ အခမ်းအနားကို ပြုလုပ်ကြောင်း သိရသည်။

"သံဃာတော်များရဲ့ အခန်းကဏ္ဍကို သမိုင်းမှာ ဘယ်တော့မှ မေ့ဖျောက်လို့ ချန်ထားလို့ မရပါဘူး။ သမိုင်းဆိုတာ အထိမ်းအမှတ်ဆိုတာ တပည့်တော်တို့ ရင်ထဲမှာ ရှိနေစေဖို့အတွက် ဒီလိုအခမ်းအနားမျိုး လုပ်ရတာ ဖြစ်ပါတယ်။ ပွင့်ပွင့်လင်းလင်းပြောရရင် ၂၀၀၇ ရွှေဝါရောင်အရေးအခင်းကို မမီခဲ့ပါဘူး။ ထောင်ထဲကနေပဲ သိခဲ့ရတာပါ။ သံဃာ တော်တွေရဲ့ အခန်းကဏ္ဍဟာ ကျွန်တော်တို ့သမိုင်းမှာဘယ်တော့မှ မေ့ပျောက်ချန်ထားလို့ မရပါဘူး။”ဟု မန္တလေးတိုင်း ဒေသကြီးဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်ကပြောသည်။

ယခု အခမ်းအနားသို့ ရွှေဝါရောင်သံဃာတော်များ၊ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ်ဒေါက်တာဇော်မြင့်မောင်နှင့် အစိုးရ အဖွဲ့ဝင် ဝန်ကြီးများ နိုင်ငံရေးအင်အားစုများ ၊စာပေအသိုင်းအဝိုင်းမှ လူပုဂ္ဂိုလ်များ၊ NLDပါတီဝင်များ၊ နိုင်ငံရေး တက်ကြွလှုပ်ရှားသူများ တက်ရောက်ခဲ့ကြသည်။

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly