တိုင်းရင်းသားဒေသများအတွင်းရှိ လက်နက်ကိုင် ပဋိပက္ခများအတွက် အသိပေးခြင်းစာရွက်များ ဖြန့်ဝေ

တိုင်းရင်းသားဒေသများအတွင်းရှိ လက်နက်ကိုင် ပဋိပက္ခများအတွက် အသိပေးခြင်းစာရွက်များ ဖြန့်ဝေ

မန္တလေး၊ စက်တင်ဘာ ၂၅ ။            ။ တိုင်းရင်းသားဒေသများအတွင်းရှိ လက်နက်ကိုင် ပဋိပက္ခများနှင့် စပ်လျဉ်း၍ ပြည်သူများသို့ အသိပေးခြင်း စာရွက် များကို စက်တင်ဘာလ ၂၅ ရက်နေ့၊ နံနက် ၉ နာရီက မန္တလေးမြို့၊ အမရပူရမြို့နယ်၊ ရတနာပုံတက္ကသိုလ် ပရဝုဏ်တွင် ဖြန့်ဝေမှုများပြုလုပ်ခဲ့သည်။

အဆိုပါ ဖြန့်ဝေမှုကို ရတနာပုံတက္ကသိုလ် ကျောင်းသားများသမဂ္ဂမှ ဦးဆောင် ပြုလုပ်ခြင်းဖြစ်ပြီး ကချင်ပြည်နယ်၊ ရှမ်းပြည်နယ် ၊ ရခိုင်ပြည်နယ် တို့၌ ဖြစ်ပွားနေသည့် ပဋိပက္ခများနှင့်ပတ်သက်သည့် အချက်အလက်များ ပါဝင်သော စာရွက်များကို ကျောင်းသား ကျောင်းသူများထံ ဝေငှပေးခဲ့ခြင်းဖြစ်သည်။

"ကျွန်တော်တို့ ဗကသ တွေအနေနဲ့စစ်ဘေးသင့်ပြည်သူတွေအတွက် လူသားချင်းစာနာတဲ့ပြည်တွင်းပြည်ပ အကူ အညီအထောက်အပံ့တွေလွပ်လပ်စွာ ထောက်ပံ့နိုင်ဖို့လိုအပ်နေတယ်။ လက်ရှိ ဖြစ်ပေါ်နေတဲ့အခြေအနေတွေကို ကျောင်းသူ ကျောင်းသားတွေ သိဖို့အတွက် ကမ်ပိန်းသဘောမျိုး လုပ်တာဖြစ်တယ်။" ဟု ရတနာပုံတက္ကသိုလ် ကျောင်းသားများသမဂ္ဂ မှ ပြန်ကြားရေးတာဝန်ခံ ကိုမျိုးချစ်ဇော်က မဇ္ဈိမကို ပြောသည်။

ဗကသ၏မူများတွင် ပြည်တွင်း ငြိမ်းချမ်းရေးကိစ္စပါဝင်နေသည့်အတွက် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များတွင် ပါဝင် လှုပ်ရှားမှုများပြုလုပ်ခြင်းဖြစ်ပြီး လှုပ်ရှားမှုများကို ဆက်လက်လုပ်ဆောင်သွားမည်ဟု သိရသည်။

ယခုဖြန့်ဝေသည့် စာများတွင် စစ်ဘေးသင့်ပြည်သူများအတွက် လူသားချင်းစာနာစွာ ထောက်ပံ့သော ပြည်တွင်း ပြည်ပ အကူအညီများ လွတ်လပ်စွာထောက်ပံ့နိုင်ရေး၊ စစ်အသုံးစရိတ် လျော့ချ၍ ပညာရေးအသုံးစရိတ် တိုးမြှင့် ပေးရေး၊ သံသယဖြင့် ဖမ်းဆီးထားသူများအား ချက်ချင်းလွှတ် စသည့်တောင်းဆိုချက်များပါဝင်သည်။

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

    

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly