မကွေးတိုင်းပြည်သူ့ဆေးရုံကြီးတွင် သွေးအလှူရှင်များ လိုအပ်နေ

မကွေးတိုင်းပြည်သူ့ဆေးရုံကြီးတွင် သွေးအလှူရှင်များ လိုအပ်နေ

မကွေးတိုင်းဒေသကြီး ပြည်သူ့ဆေးရုံကြီးတွင် တစ်နှစ်လျှင် သွေးပုလင်းရဝဝဝကျော် အသုံးပြုနေရသဖြင့် သွေးအလှူရှင်များ လိုအပ်ကြောင်း သွေးလှူဘဏ်မှသိရသည်။

မကွေးတိုင်းပြည်သူ့ဆေးရုံ၊ ဆေးတက္ကသိုလ်ဆေးရုံနှင့်၊ အခြားဆေးရုံဆေးခန်းများကို ပါရမီသွေး အလှူရှင်အသင်းကြီးမှ အဓိကသွေးလှူဒါန်းသဖြင့် လတ်ဆပ်သောသွေးရရှိရန် အဆင်ပြေသော်လည်း အရေးပေါ် သွေးလိုအပ်လျှင်အသုံးပြုနိုင်ရန်အတွက် သွေးဘဏ်တွင် သွေးသိုလှောင် ထားနိုင်မှုမရှိသဖြင့် အသင်းအဖွဲ့ဖြစ်စေ တစ်ဦးချင်းတစ်ယောက်ချင်းဖြစ်စေ သွေးလှူဒါန်းမှုများရှိမှသာ အထောက်အပ့ံဖြစ်နိုင်မည်ဟု မကွေးဆေးရုံကြီးမှ အထူးကုဆရာဝန် ရောဂါဗေဒဌာနနှင့် သွေးလှူ ဘဏ်တာဝန်ခံ ဒေါက်တာကျော်စိုးထွန်းက ပြောသည်။

“သွေးဘဏ်မှ သွေးသွင်းကုသတာနဲ့ပတ်သက်ပြီး အစိုးရကအခမဲ့ ဆောင်ရွက်ပေးထားပါတယ် သန့်စင်တဲ့သွေးရဖို့ သွေးစစ်တဲ့ပစ္စည်းက အစိုးရကထောက်ပ့ံပေးထားပါတယ် ဆေးရုံမှာလိုအပ်တာကတော့ သွေးအလှူရှင် တစ်ဦးချင်းဖြစ်စေ အဖွဲ့လိုက်ဖြစ်စေ လိုအပ်မှလှူတာထက် သွေးအလှူရှင်တွေအနေနဲ့ နေ့ထူးနေ့မြတ်ဖြစ်စေ မွေးနေ့မင်္ဂလာရက်မြတ်တွေမှာဖြစ်စေ ဒီထက်ပိုပြီး သွေးလှူဒါန်းဖို့လိုအပ်ပါတယ်” ဟု ဒေါက်တာကျော်စိုးထွန်းက ပြောသည်။

မကွေးတိုင်းဆေးရုံကြီးတွင် တစ်လလျှင် သွေးပုလင်း ၆၀၀ ကျော်အသုံးပြုရပြီး တစ်နှစ်ကို သွေးပုလင်း ၇၀၀၀ ကျော်ခန့်အသုံးပြုရသည့်အခြေအနေတွင် ရှိနေပြီး သွေးနှင့်ပတ်သက်သည့် လုပ်ငန်းများတွင် အခကြေးငွေယူ၍ လုပ်ဆောင်သူများရှိလျှင် သက်ဆိုင်ရာတာဝန်ရှိသူများကို သတင်ပေး တိုင်ကြားရန်လည်း ဒေါက်တာကျော်စိုးထွန်းက ပြောသည်။
 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly